Home
မြန်မာသတင်း
ဗောဓိတထောင်ရှိ လေးကျွန်းစကြာ ရပ်တော်မူရင်ပြင်တော်တွင် ဆွမ်းလောင်းပွဲကျင်းပ
Aung Ko Latt
·
November 22, 2017
MaharBawDiTaHtaung donation Rice 12
MaharBawDiTaHtaung donation Rice 11
MaharBawDiTaHtaung donation Rice 10
MaharBawDiTaHtaung donation Rice 9
MaharBawDiTaHtaung donation Rice 8
MaharBawDiTaHtaung donation Rice 7
MaharBawDiTaHtaung donation Rice 6
MaharBawDiTaHtaung donation Rice 5
MaharBawDiTaHtaung donation Rice 4
MaharBawDiTaHtaung donation Rice 2
MaharBawDiTaHtaung donation Rice 1
MaharBawDiTaHtaung donation Rice 3
ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ လေးကျွန်းစကြာဘုရားကြီးကို တည်ထားခဲ့တဲ့ မဟာဗောဓိတထောင် ဆရာတော် ဘဒ္ဒန္တနာရဒ ဘဝနတ်ထံပျံလွန်တော်မူခြင်း ၁၁ နှစ်မြောက်အဖြစ် ဆွမ်းလောင်းလှူဒါန်းပွဲကို နိုဝင်ဘာ ၂၁ ရက် မနက်က ဗောဓိတထောင်ရှိ လေးကျွန်းစကြာ ရပ်တော်မူ ရင်ပြင်တော်ပေါ်မှာ ကျင်းပခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ခဲ့ပြီး သံဃာတော်အပါး ၁၀၀၀ နဲ့ သီလရှင် အပါး ၁၀၀ တို့ကို ဆွမ်းလောင်းလှူဒါန်းခဲ့ပါတယ်။ ဒီဆွမ်းလောင်းလှူပွဲကို သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဝန်ကြီးချုပ်ဟောင်းတွေ လာရောက် ဆွမ်းလောင်းလှူမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ရောက်လာခြင်းတော့ မရှိခဲ့ပါဘူး။ ဗောဓိတထောင်ဟာ မုံရွာမြို့အနီး ခတက္ကန်ရွာအနီးမှာ တည်ရှိတာဖြစ်ပြီး ဆရာတော်ကြီး မရှိစဉ်ကတည်းက ဆွမ်းလောင်းလှူပွဲကို နှစ်စဉ် ပြုလုပ်နေကျလည်း ဖြစ်ပါတယ်။ မိုးညှင်း ဗောဓိတထောင်ဒေသကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အစိုးရကလည်း စီစဉ်လုပ်ဆောင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024