မြန်မာ့ပထမဆုံးသမ္မတ စဝ်ရွှေသိုက်ကွယ်လွန်ခြင်း ၅၅ နှစ်ပြည့် အောက်မေ့ဖွယ်ကျင်းပ

မြန်မာနိုင်ငံ ပထမဆုံးသမ္မတဖြစ်ခဲ့တဲ့ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ရဲ့ လုပ်ဆောင်ချက်ကို လူငယ်တွေ သိရှိအောင် နိုဝင်ဘာ ၂၁ ရက် ညောင်ရွှေဟော်နန်း ညီလာခံခန်းမမှာ ကွယ်လွန်ခြင်း ၅၅ နှစ် ပြည့် အောက်မေ့ဖွယ် ကျင်းပခဲ့ပါတယ်။
ဦးနေဝင်း အာဏာသိမ်းကတည်းက ခေတ်အဆက်ဆက် လုပ်ခွင့်မရဘဲ အရပ်သားအစိုးရ တက်လာတဲ့အချိန်မှာ ညောင်ရွှေလွှတ်တော်ကိုယ်စားလှယ်နဲ့ စော်ဘွားမိသားစုက ပထမဆုံး ပြန်လည်ကျင်းပခွင့် ရရှိတာ ဖြစ်ပါတယ်။
အောက်မေ့ဖွယ် အခမ်းအနားမှာ ရဟန်းသံဃာ ဆွမ်းကပ်ခြင်း၊ စော်ဘွားစဝ်ရွှေသိုက်ကို ရည်စူးပြီး ကုသိုလ်ပြု ရေစက်ချ အမျှဝေပေးခြင်းတွေ ပြုလုပ်ပါတယ်။
ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်ဟာ ၁၉၄၈ မှာ ပထမဆုံး သမ္မတ ဖြစ်ခဲ့ပြီး၊ ၁၉၆၂ မတ်လ ၂ ရက်နေ့ ဦးနေဝင်း အာဏာသိမ်းချိန်မှာ အဖမ်းခံရပြီး ၁၉၆၂ နိုဝင်ဘာလ ၂၁ ရက်နေ့ အင်းစိန်ထောင်မှာ ကွယ်လွန်ကြောင်း သိရပါတယ်။
သတင်း - ခွန်ရာဇာ











