
နှမ်းဖြူ(ခြုံ)
မန္တလေး ကုန်သည်ဒိုင်မှာတော့ နှမ်းဖြူ(ခြုံ)က ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၃၀,၀၀၀ ရှိပါတယ်။
နှမ်းနက်(စမုံ)
နှမ်းနက်(စမုံ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၇,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းညို
နှမ်းညိုကတော့ ဒီနေ့မှာ ၁ အိတ်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ၁၀၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၀၇,၀၀၀ ရှိပါတယ်။
စားအုန်းဆီ
စားအုန်းဆီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၄၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၈၀၀ ကျပ် ရှိပါတယ်။
ကြက်သွန်ဖြူ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်ဖြူက ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၈၀၀ ကျပ်ကနေ ငွေကျပ် ၃,၀၀၀ ရှိပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၆၉၅ ကျပ်ကနေ ငွေကျပ် ၃,၂၇၅ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁၇၅ ကျပ် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၄၁၅ ကျပ်ကနေ ငွေကျပ် ၂,၁၇၀ ရှိပါတယ်။
ကုလားပဲ v2
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ၂,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးကတော့ ၁ တင်းကို ငွေကျပ် ၃၅,၀၀၀ ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း- AMIA











