DVB Logo
Home
မြန်မာသတင်း
အမေရိကန်အထက်လွှတ်တော်အမတ်အဖွဲ့ ရခိုင်ပြည်နယ်ကိုသွားရောက်လေ့လာ
DVB
·
November 21, 2017
အမေရိကန်အထက်လွှတ်တော်အမတ်အဖွဲ့ ရခိုင်ပြည်နယ်ကိုသွားရောက်လေ့လာ
1 / 5
Donate to DVB

 

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ အချက်အလက်ရှာဖွေဖို့  အမေရိကန်နိုင်ငံ အထက်လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီအဖွဲ့ဝင်လွှတ်တော် အမတ်နဲ့အဖွဲ့ဟာ ရခိုင်ဒေသသို့ ပထမအကြိမ်ရောက်ရှိနေပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျက်ဖ်မာကလေ ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာ၁၉ ရက်ညနေပိုင်းမှာ စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ၂၀ ရက်နေ့ မနက်ပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာမှာ ရှိတဲ့ မွတ်ဆလင်တွေနဲ့ တွေ့ခဲ့ပြီး နေလယ်ပိုင်းမှတော့ ပြည်နယ်အစိုးရနဲ့တွေဆုံခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ရခိုင်အမျိုးသားပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေး  ရာမှာ ရခိုင်ပြည်နယ်အတွင်းက ဘဂါင်္လီတွေကို လူမျိုးတုံးသတ်ဖြတ်မှုရှိတာကို တွေ့ရှိထား တာကြောင့် ဒါကို အမေရိကန်အစိုးရကို တင်ပြသွားပြီး အရေးယူသွားမှာဖြစ်ကြောင်း ပြောဆို သွားတယ်လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ရခိုင်အမျိုးသားပါတီဘက်ကတော့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေ အပေါ်မှာ ဘဂါင်္လီတွေကို လူမျိုးတုံးသတ်ဖြစ်တာ မရှိဘူးလို့ ပြန်လည်ရှင်းပြောဆိုခဲ့ပေမယ့် အမေရိကန်အဖွဲ့တွေကတော့ ဒါကို ယုံကြည်မှု မရှိဘူးလို့ ဆိုပါတယ်။

ဒ့ါအပြင်နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်လို့ လူသားဖြစ်မှုကိုစာနာနားလည်ပေမယ့် မြန်မာနိုင်ငံအတွင်း နေထိုင်ပါက နိုင်ငံရဲ့ဥပဒေကိုလေးစားလိုက်နာဖို့ လိုအပ်ပြီး နိုင်ငံသား တယောက်ဖြစ်ဖို့ ၁၉၈၂ အတိုင်းသာ လက်ခံ စိစစ်ပြီးဖြစ်ရမယ်လို့ ရခိုင်အမျိုးသားပါတီက ပြန်လည်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အဖွဲ့တွေက ရခိုင်ပြည်နယ်ထဲက ရခိုင်အမျိုးသားပါတီတွေနဲ့ ဆွေးနွေးဖို့ လာတာမဟုတ်ဘဲ ဖိအားပေးဖို့ ပုံစံမျိုးနဲ့ လာရောက်တာဖြစ်တယ်လို့လည်း ဦးထွန်းအောင်ကျော်က ဝေဖန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံမတ်ကြီးအပါအ၀င် အမေရိကန် လွှတ်တော်အမတ် ဦးဆောင်တဲ့ အဖွဲ့ဟာ နိုဝင်ဘာ၂၀ ရက်နေ့ မနက်မှာ စစ်တွေမြို့ အောင်မင်္ဂလာရှိ ဘဂါင်္လီတွေကို သွားရောက်တွေ့ဆုံခဲ့ပြီး ဘဂါင်္လီတွေရဲ့  အခက်အခဲအကျပ် အတည်းတွေကို မေးမြန်းခဲ့သလို လိုအပ်နေတဲ့အကူအညီတွေ အမေရိကန်အစိုးရအနေနဲ့ ထောက်ပံ့ပေးအပ်သွားမယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုခေါင်းဆောင်တဲ့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာတော့ ရခိုင်ပြည်နယ်အတွင်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အမေရိကန်ပြည်ထောင်စုက ဘယ်နေရာက ပါဝင်ကူညီပေးရမယ်ဆိုတာကို သိလိုတဲ့ အတွက်ကြောင့် လာရောက်ရခြင်းဖြစ်ကြောင်းနဲ့ မြေပြင်ဖြစ်ရပ်မှန်တွေကို ပြောကြား ပေးစေလိုကြောင်း လွှတ်တော်အမတ်က ပြောကြားခဲ့တယ်လို့အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရခိုင်ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ INGO တွေနဲ့လည်း သီးသန့်တွေ့ဆုံခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရကိုဖိအားပေးဖို့၊ မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေးရပ်ဆိုင်းဖို့နဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေလုပ်ဖို့ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ လွှတ်တော်အမတ်တွေ အပြင်းအထန်ကြိုးပမ်းနေချိန်မှာ ခုလို အထက်လွှတ်တော် အမတ်တဦး ရခိုင်ပြည်နယ်ကိုရောက်ရှိလာတာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကတော့ မြန်မာတနိုင်ငံလုံးကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်ဖို့ အကြံပြုမှာမဟုတ်ဖူးလို့ ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာပြည် ခရီးစဉ်မှာ ပြောကြားထားပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013