DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ပထမဆုံး ကလေးလွှတ်တော်ကျင်းပ
DVB
·
November 21, 2017
မြန်မာနိုင်ငံ၏ ပထမဆုံး ကလေးလွှတ်တော်ကျင်းပ
1 / 11
Donate to DVB

 

မြန်မာနိုင်ငံမှာ ကလေးငယ်တွေကိုယ်တိုင်ပါဝင်တက်ရောက်ဆွေးနွေးတဲ့ ပုံစံတူလွှတ်တော် အစည်းအဝေးတရပ်ကို မန္တလေးတိုင်း ဒေသကြီးလွှတ်တော်မှာ နိုဝင်ဘာ ၂၀ရက်က ပထမဆုံးအကြိမ်ကျင်းပခဲ့ပါတယ်။  

မန္တလေးတိုင်းလွှတ်တော်နဲ့  UNICEFတို့ပူးပေါင်းပြီး ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ  Children's takeover ကလေးများမှ လူကြီးများ၏နေရာကိုခဏတာနေရာလွှဲပြောင်းနေရာယူခြင်းအစီအစဉ်အဖြစ် မေးခွန်းမေးတာ၊ အဆိုပြုတာ၊ ထောက်ခံတာတွေကို တကယ့် လွှတ်တော်အစည်းအဝေးတရပ်လို ကျောင်းသား ကလေးတွေက ကျင်းပခဲ့တာပါ။

မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက “ပြင်ပကျောင်းတွေ၊ အစိုးရကျောင်းတွေနဲ့ တက္ကသိုလ် ကျောင်းသားတွေပါတယ်။ သူတို့တွေက လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရဌာန တာဝန်ရှိသူတွေအဖြစ် ဆောင်ရွက်ကြပါတယ်။ မေးတဲ့သူက မေးတယ်၊ ဖြေတဲ့သူက ဖြေတယ်။ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူကလည်း ဆောင်ရွက်ပေါ့။ သူတို့လုပ်တာ တော်တော်ကောင်းပါတယ်။ သတ္တိလည်း ရှိကြတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီနာယက ဒေါက်တာယုယုမေက “ လွှတ်တော် အတွင်းကလေးငယ်တွေ ပြောရေးဆိုခွင့်ရှိစေပြီး ကျောင်းသား/လူငယ်တွေရဲ့ အသံကို လူကြီးတွေကြားနိုင်စေရေး လွှတ်တော်နေရာကို ကလေးတွေက ခေတ္တလွှဲပြောင်းနေရာယူတဲ့ပုံဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။”လို့ပြောပါတယ်။

ကလေးငယ် ၁၂ ဦးကို  ယူနီဆက်က ရွေးချယ်ကာ  လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေ၊ ပြောဆိုဆွေးနွေးရတာတွေကို ကလေးငယ်တွေ သိရှိနားလည်အောင် ပြောပြပြီး လွှတ်တော် ဥက္ကဋ္ဌနေရာ၊ လွှတ်တော်ကိုယ်စားလှယ်နေရာ၊ အခမ်းအနားမှူးနေရာ၊ ဝန်ကြီးနေရာတို့မှာ ဝင်ရောက်ပြောဆိုဆွေးနွေးစေတာပါ။

အဆိုပါကလေးငယ်တွေဟာ အမျိုးသားလွှတ်တော်ကိုလေ့လာရေးသွားခဲ့ဖူးပြီး အဆိုပါ အတွေ့အကြုံပေါ်မူတည်ပြီး ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းကိုအခြေခံကာ မေးခွန်းတွေနဲ့ အဆိုတွေ မေးမြန်းစေတာဖြစ်ပြီး  သူတို့ရဲ့ ရေးသားချက်တွေကို အဆင်ချောစေဖို့ စာစီပေးရုံသာ လုပ်ဆောင်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013