DVB Logo
Home
မြန်မာသတင်း
အင်္ဂပူတွင် တောင်သူလယ်သမားသမဂ္ဂဖြစ်မြောက်ရေးနှင့် လယ်ယာမြေဥပဒေရေးရာ ရက်တိုသင်တန်းပေး
DVB
·
November 21, 2017
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်မှာ တောင်သူလယ်သမားတွေကို ဒေါ်စုစုနွေး ဦးဆောင် ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂက ဦးဆောင်ပြီး အင်္ဂပူမြို့နယ်မှာ တောင်သူလယ်သမဂ္ဂ ဖွဲ့စည်းမှု ဖြစ်မြောက်ရေးနှင့် တောင်သူလယ်သမားများကို လယ်ယာမြေ ဥပဒေရေးရာ ရက်တိုသင်တန်းကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၁ ရက်နေ့အထိ နှစ်ရက် ကျင်းပနေကြတာပါ။

သင်တန်းကိုတော့ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့က တောင်သူလယ်သမား သုံးဆယ်ကျော် တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းမှာ လယ်ယာမြေဥပဒေတွေနှင့် လူ့အခွင့်အရေး ကျား၊ မ မခွဲခြားရေး ဥပဒေရေးရာတွေကို ကျေးလက်ဒေသတွေမှာ စနစ်တကျ သိရှိနားလည်ပြီ တောင်သူလယ်သမားများကိုယ်တိုင် ပြဿနာရပ်တွေ ဖြေရှင်းရေး စတဲ့ ဥပဒေရေးရာတွေ သင်ကြားနေတာပါ။ သမဂ္ဂဖြစ်မြောက်ရေးအတွက် လယ်သမားတွေ စုပေါင်းပြီး ဆက်လက်ပြီး ရေရှည် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့တွေ ညှိနှိုင်းဆွေးနွေးတာတွေ ပြုလုပ်နေကြတာပါ။

“ကျမတို့အဖွဲ့အနေနဲ့က ကျေးလက်က တောင်သူတွေကို လယ်ယာမြေပြဿနာတွေ ဖြေရှင်းရာမှာ ဥပဒေဘောင်အတွင်းက ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကျေးလက်က တောင်သူတွေကို အဓိကထား အသိပေးအမြင်ဖွင့် သင်တန်းတွေ ပေးနေတာပါ။ တောင်သူလယ်သမားတွေဟာ မိမိတို့ ပြဿနာတွေကို ဖြေရှင်းရာမှာ ရှေ့နေတွေ ပါတီအဖွဲ့အစည်းတွေ မပါဝင်ဘဲ မိမိကိုယ်တိုင် ရှေ့နေတယောက်လို ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်ထားပြီး ဖွံ့ဖြိုးမှု အားနည်းနေတဲ့ ဒေသတွေကို အဓိကထားပြီး ရေရှည်စီမံကိန်းတွေ ချမှတ်ပြီး လုပ်ဆောင်မှုတွေ ပေးနေတာပါ။။ အဲဒီလို တောင်သူတွေ အသိပညာဖွင့်ပေးပြီးမှ သမဂ္ဂ ပေါ်ပေါက်လာတဲ့အခါ စနစ်တကျ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ” လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက ဒီဗွီဘီကို ပြောပါတယ်။

အထူးအနေနဲ့ လယ်ယာမြေ ပြဿနာတွေမှာ အခြေခံကျတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဖြစ်နေတာတွေကြောင့် အသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းလိုက်တဲ့ ရပ်ကျေးဥပဒေအသစ်ကိုလည်း တောင်သူလယ်သမားများ ရှင်းလင်းသင်ကြားတာတွေပါ လုပ်ဆောင်ပေးနေပါတယ်။

သင်တန်းတက်ရောက်လာတဲ့ တောင်သူလယ်သမားတဦး ဖြစ်တဲ့ မြန်အောင်မြို့နယ် အင်းဝကျေးရွာ ရာအိမ်မှူး ဦးတင်အုန်းကတော့ “ခုလို တောင်သူတွေကို သင်တန်းပေးတာ ကောင်းပါတယ်။ ကျနော်တို့တွေ ဥပဒေတွေကို သိနားလည်ထားတော့ မိမိတို့ တွေ့ကြုံခံစားနေရတဲ့ လယ်ယာမြေပြဿနာကို ကိုယ်တိုင်း ဖြေရှင်းနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။ အစိုးရအနေနဲ့လည်း ဒါမျိုးတွေ တောင်သူလယ်သမားတွေ ဥပဒေရေးရာ သင်တန်းတွေ ပေးစေချင်ပါတယ်။ သမဂ္ဂတရပ်လည်း အမြန်ပေါ်ပေါက်စေချင်ပါတယ်” လို့ ပြောပါတယ်။

အင်္ဂပူမြို့နယ်မှာတော့ လယ်ယာမြေ ပြဿနာကို စစ်တပ်နဲ့ အများဆုံး ဖြစ်ပေါ်နေပြီး တောင်သူလယ်သမားအချို့ ထွန်တုံးတိုက်ပွဲ လုပ်လို့ ထောင်ကျခဲ့ဖူးတဲ့ တောင်သူတွေလည်း ရှိနေပါတယ်။ မြန်အောင်မြို့နယ်မှာတော့ မြေနုကျွန်း ချထားမှုတွေမှာ ပြဿနာတွေ အများဆုံး ဖြစ်ပေါ်နေကြပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013