DVB Logo
Home
မြန်မာသတင်း
အန်စီအေကို ဒေသခံလူထုထောက်ခံမှ အောင်မြင်မည်ဟု ကေအန်ယူ ပြော
DVB
·
November 21, 2017
အန်စီအေကို ဒေသခံလူထုထောက်ခံမှ အောင်မြင်မည်ဟု ကေအန်ယူ ပြော
Donate to DVB

 

နယ်မြေခံ ပြည်သူလူထုက အပစ်ရပ်စာချုပ် အန်စီအေ အကောင်အထည်ဖော်မှုမှာ ယုံကြည်မှု ထောက်ခံမှု အပြည့်အဝရှိမှပဲ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲကော်မတီ  JMC လုပ်ငန်းတွေ အောင်မြင်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗိုလ်ချုပ်စောအိုက်ဇက်ဖိုး က ပြောလိုက်ပါတယ်။

` နိုဝင်ဘာ ၂၀ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ(NRPC)မှာ လုပ်နေတဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူက “JMC အကောင်အထည်ဖော်မှု အောင်မြင်မှဘဲ အခြားလက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေလည်း NCA မှတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်မယ် ဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကျနော်တို့ JMC ရဲ့ အဓိကတာဝန်က ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပနေစဉ်အတွင်း မြေပြင်မှာ တိုက်ပွဲတွေ မဖြစ်ပွားအောင် ထိန်းသိမ်းရမှာ ဖြစ်လို့ ဘယ်လိုအခြေအနေဘဲရောက်ရောက် အနိမ့်ဆုံးအဆင့်မှာဘဲဖြစ်ဖြစ် နှစ်ဘက် လက်နက် ကိုင်တပ်တွေကို ထိတွေ့မှုမရှိအောင် ထိန်းသိမ်းရမှာ ဖြစ်တယ်။ ဒါကြောင့် သည်းခံကြပါ၊ စိတ်ရှည်ရှည်ထားကြပါလို့ တိုက်တွန်းခဲ့ပါတယ်”လို့ ပြောပါတယ်။

JMC မှာ အစိုးရနဲ့ တပ်မတော် တစု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက တစုနဲ့၊ အရပ်သားတစုတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အပစ်ရပ်စာချုပ်ပါ  အချက်အလက်များဖြစ်တဲ့ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနဲ့ စစ်ဘက် ဆိုင်ရာ ကျင့်ဝတ် များကို နှစ်ဘက်တပ်များက ချိုးဖောက်မှုရှိမရှိ စောင့်ကြည့်ဖို့နဲ့ ချိုးဖောက်မှုရှိလာပါက စိစစ် အတည်ပြုခြင်းနဲ့ ညှိနှိုင်းဖြေရှင်းခြင်းတို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးကျင်းပနေစဉ်မှာပဲ နေပြည်တော်မှာလည်း  ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အလုပ်အဖွဲ့အစည်းအဝေးကို တပြိုင်နက်ထဲ ကျင်းပပြုလုပ်နေပါတယ်။

တဆက်ထဲမှာပဲ နေပြည်တော်မှာ UPDJC အတွင်းရေးမှူးများအစည်းအဝေးပြုလုပ်ပြီး အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၁၃ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီအစည်းအဝေးပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အစိုးရက တတိယပင်လုံညီလာခံကို လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ဖို့ စိုင်းပြင်းနေပြီး အပစ်ရပ်တပ်ဖွဲ့တို့က နောင်နှစ် ဖေဖော်ဝါရီလကျမှ လုပ်ဖို့ ဆန္ဒပြုထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013