DVB Logo
Home
မြန်မာသတင်း
ဆရာ​တော်​ဦးပါ​မောက္ခကို ​ ငြိမ်းစုစီပုဒ်​မဖြင့် ထောင်ဒဏ် ၁ လအမိန့်ချ
DVB
·
November 21, 2017
ဆရာ​တော်​ဦးပါ​မောက္ခကို ​ ငြိမ်းစုစီပုဒ်​မဖြင့် ထောင်ဒဏ် ၁ လအမိန့်ချ
Donate to DVB

 

မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခကို ဒီနေ့ မနက်ပိုင်းက  ရန်ကုန် ကမာရွတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ငြိမ်းစုစီပုဒ်မ ၁၉ အမှုနဲ့ ထောင်ဒဏ် ၁ လ အမိန့်ချမှတ်လိုက်ပါတယ်။

ဆရာတော် ဦးပါမောက္ခကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ ငြိမ်းစုစီ ပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုထားတဲ့အနက် ငြိမ်းစုစီပုဒ်မနဲ့စွဲထားတဲ့အမှုကို အရင်အမိန့်ချမှတ်လိုက်တာ ဖြစ်ပြီး  ပုဒ်မ ၅၀၅(ခ) အမှုကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်နေ့က အမေရိကန်သံရုံးရှေ့မှာ ရိုဟင်ဂျာမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဆရာတော်ဦးပါမောက္ခကို ကမာရွတ်မြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆို ခံထားရတာဖြစ်ပါတယ်။

ဆရာတော် ဦးပါမောက္ခဟာ နိုဝင်ဘာ ၁၂ ရက်နေ့က  ဖမ်းဆီးလူဝတ်လဲ ခံခဲ့ရတာဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013