DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆိုင်ကယ်နှင့် ကားတိုက်၊ အမျိုးသမီး ၁ ဦး သေဆုံး
DVB
·
November 21, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၄၅/၇ အနားမှာ နိုဝင်ဘာလ ၂၀ ရက် မနက်က လမ်းအရှေ့ဘက်ကနေ အနောက်ဘက်ကို ဖြတ်ကူးတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကားတို့ တိုက်မိပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ပေပင်လေး အမြန်လမ်း ရဲစခန်းတာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

ဖြစ်စဉ်မှာ ရမည်းသင်းမြို့နယ် ပျားစည်ရွာနေ အသက် ၄၁ နှစ်ရှိ မသန်းသန်းဝင်း မောင်းပြီး နောက်ခုံမှာ မခင်ဇော်ဦး လိုက်ပါလာတဲ့ ဆိုင်ကယ်က အမြန်လမ်းကို အရှေ့ဘက်ကနေ အနောက်ဘက်ကို ဖြတ်ကူးချိန် နွားထိုးကြီးမြို့နယ် ပြင်စည်ရွာနေ ကိုစိုးသူ မောင်းလာတဲ့ အိမ်စီးကား Honda Air Wave ကားခေါင်း ဘယ်ဘက်အခြမ်းနဲ့ တိုက်မိတယ်။ မသန်းသန်းဝင်းနဲ့ မခင်ဇော်ဦးတို့ နှစ်ဦးလုံး ဒဏ်ရာရတယ်။ မသန်းသန်းဝင်းက ဆေးရုံမှာ သေဆုံးတယ်လို့ ပေပင်လေးရဲစခန်း တာဝန်ကျအရာရှိက ပြောပါတယ်။

ပေပင်လေး အမြန်လမ်း ရဲစခန်းတာဝန်မှူး ရဲအုပ်က “မခင်ဇော်ဦးက မေးစေ့ ပေါက်ပြဲတယ်။ နဖူးနဲ့ နှာခေါင်း ပွန်းပဲ့တယ်။ မစိုးရိမ်ရဘူး။ မသန်းသန်းဝင်းရဲ့ နားနဲ့ နှာခေါင်းက သွေးထွက်နေတယ်။ ညာဘက်ခြေထောက် ကျိုးတယ်။ ညောင်တုန်းတိုက်နယ်ဆေးရုံမှာ သေဆုံးတယ်။ တပ်ဖွဲ့ပိုင် ကားနဲ့ပဲ ညောင်တုန်းဆေးရုံ ပို့ပေးရတယ်”လို့ ပြောပါတယ်။

ပေပင်လေး အမြန်လမ်းရဲစခန်းက မသန်းသန်းဝင်းကို အမှုအမှတ် ၅၈/၂၀၁၇ နဲ့ ဆိုင်ကယ်မောင်းနှင်ခွင့်မရှိတဲ့ အမြန်လမ်းမကြီးမှာ ယာဉ်မဆင်မခြင် လမ်းဖြတ်ကူးမောင်းလို့ လူသေဆုံးမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013