DVB Logo
Home
မြန်မာသတင်း
ဖားကန့်နှင့် ဟုမ္မလင်းမြို့နယ်တွင် တရားမ၀င်ရွှေတူးဖော်ယာဉ်များကို တပ်မတော်ဖမ်းဆီး
DVB
·
November 20, 2017
ဖားကန့်နှင့် ဟုမ္မလင်းမြို့နယ်တွင် တရားမ၀င်ရွှေတူးဖော်ယာဉ်များကို တပ်မတော်ဖမ်းဆီး
Donate to DVB

 

ကချင်ပြည်နယ် ဖားကန့်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွေမှာ တရားမဝင် ရွှေတူးဖော်တဲ့ ဘက်ဟိုးယာဉ်တွေကို တပ်မတော်က ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ခလရ ၂၅၄ နဲ့ ခလရ ၂၅၁ က တပ်မတော်သားတွေဟာ နိုဝင်ဘာ ၁၉ ရက်က ဟုမ္မလင်းမြို့နယ်၊ နန့်စလောင်း မှော်လုပ်ကွက်က ၄ စီး၊ ဖားကန့်မြို့နယ်၊ ချမ်းသာကုန်းကျေးရွာက ၅ စီးကို ဖမ်းမိခဲ့တာပါ။

နိုဝင်ဘာ ၁၈ ရက်ကလည်း နန့်စလောင်း မှော်လုပ်ကွက်ကနေ ဘက်ဟိုး ၄ စီးဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ဘက်ဟိုးတွေကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့တာ ဖြစ်ပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းက ခလရ ၂၇၄ မှာ ထိန်းသိမ်းထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက အခုနေရာ ဝန်းကျင်တွေမှာ ရွှေတူးဖော်တဲ့ ဘက်ဟိုးတွေ မကြာခဏ ဖမ်းမိနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013