DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် ရိတ်သိမ်းသူမဲ့စပါး ဧက ၇ သောင်းကျော်အတွက် ရိတ်သိမ်းခြွေလှေ့စက် မလုံလောက်
DVB
·
November 20, 2017
ရခိုင်တွင် ရိတ်သိမ်းသူမဲ့စပါး ဧက ၇ သောင်းကျော်အတွက် ရိတ်သိမ်းခြွေလှေ့စက် မလုံလောက်
Donate to DVB

ရခိုင်ပြည်နယ်က မိုး စပါးတွေကို ရိတ်သိမ်းတဲ့နေရာမှာ စပါးရိတ်သိမ်းခြွေလှေ့စက် အစီး ၃ ရာလောက် ရှိဖို့ လိုအပ်နေတယ်လို့ ပြည်နယ် စိုက်ပျိုးရေး သတ္တုဝန်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသမှ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ရိတ်သိမ်းသူမဲ့ စပါးလယ်ဧက ၇ သောင်းကျော် ရှိနေပါတယ်။

အဲဒီစပါးတွေကို ရခိုင်ပြည်နယ် အစိုးရက ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းပြီး ရိတ်သိမ်းပေးနေပေမယ့် ခြွေလှေ့စက်တွေမလုံမလောက် ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေးသစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က “ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မှာ ရိတ်သိမ်းသူမဲ့ လယ်ဧကတွေက ကျနော်တို့မှာရှိတဲ့ စက်ကိရိယာနဲ့ လုံးလောက်မှု မရှိတာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ မောင်တောဧက ၆  သောင်း ၅ ထောင်လောက် ရှိပါတယ်။ ဘူးသီးတောင်မှာ ဧက ၁ သောင်းကျော်ရှိပါတယ်။ ရသေ့တောင်မှာ ဧက ၅ ထောင် လောက်ရှိပါတယ်။ ကျနော်တို့ အခုရသေ့တောင်ကို မိုင်ခရိုစက် ၁၀ စီး၊ ကျနော်တို့ အစိုးရအဖွဲ့က ၅ စီး၊ အဲ့ဒါတွေကို ပို့ထားပါတယ်။ ဘူးသီးတောင်ကို ၁၀ စီး ကျနော်တို့ ပို့ထားပါတယ်။ မောင်တော်မှာ အရင်က ပို့ထားက အရင် ၄၂ စီးပို့ထားတာရှိပါတယ်။ နောက်ထပ်ပြီး ပြည်ထောင်စုအစိုးရက ၁၈ စီး ဖြည့်ဆည်းပေးတာရှိပါတယ်။ အမှန်တကယ် ဒေသအတွက်လိုအပ်မယ့် အစီးအရေအတွက်ဆိုရင် အစီး ၃၀၀ လောက်လိုမှာ ဖြစ်ပါတယ်။ အခုကျနော်တို့မှာ အစီး ၇၀ ကျော်ကျော်လောက်ပဲရှိပါတယ်”လို့ ပြောပါတယ်။

မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ဒေသတွေမှာ စပါးရိတ်သိမ်းစက်တွေ မလုံလောက်တာအပါအဝင် လုပ်သားတွေ မလုံလောက်မှု အခက်အခဲတွေနဲ့ပဲ ကြုံနေကြရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ချိန်ခါလီကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါကျေးရွာက လယ်သမား ကိုဇော်ထွန်းက  “အခုမြင်တွေ့နေရတဲ့ အတိုင်းပါပဲ၊ ဒါမျိုးစက်တွေ ကူညီပံ့ပိုးမှုမရှိဘူး။ ကိုယ့်ဟာကိုယ်လည်း မဝယ်နိုင်ဘူး။ ဒီအတိုင်းသာ ဒီပါးတွေက မှည့်ပြီးတော့ ဒီအတိုင်းပဲဖြစ်သွားမှာ။ ပြီးတော့ အလုပ်သမားအနေအထားကလည်း စပါးရိုတ်မယ့်ရွာ အနေအထားမှာ အိမ်ခြေ ၇၃ ဆောင်မှာ လူဦးရေက အားနည်းတဲ့အတွက်နဲ့ နေ့စားအဖြစ်နဲ့ ရိုတ်မယ့်သူက မရှိဘူး။ တနေ့ကို ၇၀၀၀ ပေးရင်တောင် ရိုက်မယ့်သူက မရှိဘူး။ လယ်သမားတွေအပေါ် အလုပ်သမားတွေ ရှာရတာခက်ခဲ့တယ်။ ဒါမျိုးပံ့ပိုးမှုတွေမရှိဘူးဆိုရင် စပါးတွေက လယ်တွင်းထဲမှာ အဲဒီအတိုင်းပဲ” လို့ ပြောပါတယ်။

လက်တလောမှာတော့ မောင်တော၊ ဘူးသီးတောင်ရသေ့တောင်ဒေမှာ စပါးရိတ်သိမ်းပြီးဧက ၂၀၀၀ လောက်ရှိပြီ ဖြစ်ပါတယ်။

အဲဒီစပါးတွေကို အလေအလွင့် အပျက်အစီးတွေမရှိရအောင် စုရပ်တွေကို အောင်ဒင်၊ မောရဝတီ၊ ကြိမ်ချောင်း၊ တောင်ပြိုလက်ဝဲ၊ ခမောင်းဆိပ် စတဲ့နေရာတွေ ၇ နေရာမှာ သိမ်းဆည်းထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသရှိ ပိုင်ရှင်မဲ့မိုးစပါးတွေကို ရိတ်သိမ်းရောင်းချပြီး ရရှိငွေကို နိုင်ငံတော် ဘတ်ဂျက်မှာထည့်သွင်းမှာ မဟုတ်ဘဲ မူလပိုင်ရှင်ကို ပေးအပ်သွားမယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော် မတီက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013