အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် မန္တလေးတိုင်းမှာ ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်ဖို့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ NGO အဖွဲ့တွေ Perfect ဟိုတယ်မှာ တွေ့ဆုံကြပါတယ်။
အမျိုးသမီးများပေါ် အကြမ်းမဖက်ရေး ပညာပေး လှုံ့ဆော်မှုအတွက် ကျန်းမာရေး၊ ဥပဒေပြုရေးဆိုင်ရာ အသိပညာတွေကို နိုဝင်ဘာ ၂၅ ရက်နေ့က စတင်ပြီး မြို့နယ်အလိုက် တေးသရုပ်ဖော်တွေနဲ့ ဖျော်ဖြေဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံတွေထဲမှာ အိမ်တွင်း အကြမ်းဖက်မှုကိစ္စက အများဆုံး တွေ့ကြုံရတယ်လို့ ရပ်ကွက်ကျေးရွာအတွင်း အသိပညာပေးလုပ်ငန်းတွေမှာ တွေ့ရှိချက်တွေကို NGO အဖွဲ့တွေက ပြောပါတယ်။
မန္တလေးမြို့မှာ အမျိုးသမီးအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းပေါင်း ၁၀ ဖွဲ့ ရှိပါတယ်။










