DVB Logo
Home
မြန်မာသတင်း
အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်း
DVB
·
November 20, 2017
အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်း
1 / 2
Donate to DVB

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန နှစ်ခုတို့ကို တိုးချဲ့ဖွဲ့စည်းမယ်လို့ သမ္မတက ပြည်ထောင်စုလွှတ်တော်နာယကထံ သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။

အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၀န်ကြီးအဖြစ် ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဌာန၀န်ကြီးအဖြစ် ဦးကျော်တင်တို့ကို ခန့်ထားမယ်လို့လည်း သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဖတ်ကြားသွားပါတယ်။

နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ နာယကက ဖတ်ပြပြီး ဆွေးနွေးလိုသူတွေနဲ့ ကန့်ကွက်လိုသူတွေကိုလည်း နာယကက တပါတည်းဖိတ်ကြားသွား ပါတယ်။

ဦးသောင်းထွန်းဟာ လက်ရှိ  အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး ဦးကျော်တင်က လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေ ပိုမိုထိရောက် အောင်မြင်မှုရရှိဖို့နဲ့ လုပ်ငန်းတာဝန်တွေ ဆက်စပ်ဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်ပြီး  ၀န်ကြီးဌာနနှစ်ခုကို တိုးချဲ့ဖွဲ့စည်းရတဲ့ အကြောင်းကို ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းတင်ပြခဲ့ပါတယ်။

အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက သမ္မတကို တာဝန်ခံအလုပ်လုပ်ဖို့ ဖြစ်ပြီးအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကလည်း နိုင်ငံခြားရေးဝန်ကြီး ဌာနနဲ့ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

ဝန်ကြီးဌာနအသစ် နှစ်ခုမှာ အလုပ်လုပ်ကြမယ့် ၀န်ထမ်းတွေဟာလည်း သမ္မတရုံး ၀န်ထမ်းတွေနဲ့ နိုင်ငံခြားရေးဌာနက ၀န်ထမ်းတွေပဲ ဖြစ်တာကြောင့် ကုန်ကျစရိတ် မရှိဘူးလို့လည်း ရှေ့နေချုပ်က ရှင်းပြသွားပါတယ်။

ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းမှာနဲ့ ၀န်ကြီးခန့်တာတွေနဲ့ပတ်သက်လို့ လာမယ့် နိုဝင်ဘာ ၂၃ ရက် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013