
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ခရိုင်(၆)ခရိုင်နဲ့ မြို့နယ်(၁၉)မြို့နယ်ရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို "Smile Train" ဖောင်ဒေးရှင်း အကူအညီနဲ့ လားရှိုးမြို့က အမှတ်(၉)တပ်မတော်ဆေးရုံ ကုတင် (၁၀၀)မှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၉ ရက် အထိ ကုသိုလ်ဖြစ် အခမဲ့ခွဲစိတ်ကုသမှု ပေးနေပါတယ်။
အနယ်အရပ်ရပ်က လာရောက်ကုသကြတဲ့ ဝေဒနာရှင်တွေကို မန်ဆူရှမ်းကျောင်းတိုက်မှာ နေရာထိုင်ခင်းနဲ့ အစားအစာတွေ စီစဉ်ပေးထားပြီး လမ်းစာရိတ်ပါ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
ကုသလိုသူတွေအနေနဲ့ မန်ဆူရှမ်းကျောင်းတိုက်နဲ့ အမှတ် (၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)မှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
အခုလက်ရှိ ခွဲစိတ်ကုသမှုခံယူဖို့အတွက် ဝေဒနာရှင် ၁၄၆ ယောက် စာရင်းပေးသွင်းပြီး ဖြစ်ပါတယ်။










