DVB Logo
Home
မြန်မာသတင်း
အေဆမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နေပြည်တော်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပ
DVB
·
November 20, 2017
အေဆမ်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နေပြည်တော်တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပ
Donate to DVB

၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (အေဆမ်)ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၁ မှာ  ဒီကနေ့မနက်က စတင်ကျင်းပနေပါတယ်။

၂ရက်ကြာ ကျင်းပမယ့် ဒီအစည်းအဝေးမှာ အာရှနဲ့ ဥရောပအကြား  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပညာရေး ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စဆွေးနွေးကြမှာပါ။


အေဆမ် ဆွေးနွေးဖက်တွေမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ ဥပရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံ ၂ နိုင်ငံ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ အရှေ့မြောက်နဲ့ တောင်အာရှအုပ်စုဝင် ၁၁ နိုင်ငံ စုစုပေါင်း အဖွဲ့ဝင် ၅၁ နိုင်ငံနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ ဥရောပကော်မရှင်တို့လည်း ပါဝင်ပါတယ်။


အစည်းအဝေးကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ်အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတာဖြစ်ပြီး ဆက်စပ် အစည်းအဝေးတွေဖြစ်တဲ့ အဆင့်မြင့်အရာရှိတွေ အစည်းအဝေး (ASEM Senior Official’s Meeting) တွေကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေက ဒီ ဗဟိုဌာနမှာပဲ ကျင်းပခဲ့ပါတယ်။


အဲ့ဒီအစည်းအဝေးကို ဒေသဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်တဲ့ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ဥရောပကော်မရှင်က အဆင့်မြင့်အရာရှိကြီးတွေ၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူဂေးရီးယား၊ ဒိန်းမက်၊ ဖင်လန်၊ အင်ဒိုးနီးရှား၊ လာအို၊ ပါကစ္စတန်၊ ပိုလန်၊ ဖိလစ်ပိုင်၊ အင်္ဂလန်၊ ရုရှားနဲ့ အခြားနိုင်ငံတွေက အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013