DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
DVB
·
November 20, 2017
သမ္မတ ဦးထင်ကျော်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
1 / 5
Donate to DVB

သမ္မတ ဦးထင်ကျော်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့ကို မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံအား ဘက်စုံ ကဏ္ဍစုံ ကူညီဆောင်ရွက်ပေးခဲ့မှုတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနဲ့ ရခိုင်ပြည်နယ် လုံခြုံတည်ငြိမ် အေးချမ်းရေး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နေမှု စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယ ၀န်ကြီး ဦးကျော်တင်၊ ဦးမင်းသူနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီး မစ္စတာ ဟုန်လျန်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013