DVB Logo
Home
မြန်မာသတင်း
၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်း မထုတ်ပြန်ရသေး
DVB
·
November 19, 2017
၂၀၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲအချိန်စာရင်း မထုတ်ပြန်ရသေး
Donate to DVB

၂၀၁၈ ခုနှစ်၊ မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမည့် မတ်လ ၇ ရက်နေ့မှာ ကျင်းပမယ့်အကြောင့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကောလာဟလ ထွက်ပေါ် နေပြီး တရားဝင်ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သတင်းရ ရှိပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က “ကျနော်တို့တော့ ဘာမှ မစီစဉ်ရသေးပါဘူး။ အွန်လိုင်းမှာပျံ့နေတဲ့အချိန်စာရင်းက ကျနော်တို့တင်တာလည်း မဟုတ်ပါဘူး။ တရားဝင်လည်း မထုတ်ပြန်ရသေးပါဘူး။ ကျနော်တို့ကနေ လူကြီးတွေကို တင်ပြပြီးတော့မှ ထုတ်ပြန်လို့ရမှာပါ။ ကျနော်တို့က လူကြီးတွေကိုတောင် မတင်ပြရသေးပါဘူး”လို့ ပြောပါတယ်။

တက္ကသိုလ်တန်းစာမေးပွဲတွေကို မတ်လ ၇၊ ၈၊ ၉ ရက်နေ့မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ မတ်လ ၁၀ ရက်နေ့မှာ စိတ်ကြိုက်မြန်မာစာ၊ မတ်လ ၁၂၊ ၁၃၊ ၁၄ ရက်နေ့တို့မှာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ မတ်လ ၁၅၊ ၁၆ ရက်နေ့တို့မှာ ပထ၀ီဝင်နဲ့ သမိုင်း ဘာသာရပ်တို့ကို ဖြေဆိုရမယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတာပါ။

“Dr. Physics ဆိုတဲ့ အကောင့်ကနေ (တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းကို) ခန့်မှန်းချေတင်ထားတာတွေ့လို့ ဆရာတို့လည်း ခန့်မှန်းချေပြန်တင်ပေးတဲ့သဘောပါ။ မနှစ်က ဆိုရင် မတ်လ ၈ ရက်နေ့လေ။ များသောအားဖြင့်တော့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ဖြစ်လေ့ရှိတော့ ကလေးတွေ Excited ဖြစ်အောင်လို့ ခန့်မှန်းချေလေး ပြန်တင်ပေးလိုက်တာပါ။ Dr.Physic ကလည်း ခန့်မှန်းထားတာတွေ့လို့ပါ”လို့ Dr.Physic ဖေ့ဘွတ်ခ် Page မှပြန်လည်မျှဝေခဲ့သည့် ဆရာတဦးဖြစ်တဲ့ ဆရာဦးကျော်ဇေယျက ပြောပါတယ်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ်လ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပစစ်ဆေးခဲ့ပြီး အောင်စာရင်းတွေကို ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းတွေကို လာမယ့် ဒီဇင်ဘာလမှသာ တရားဝင်ထုတ်ပြန်ကြေညာမှာဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရပါတယ်။

အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013