DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေးတွင်းပြိုကျ၊ လုပ်သား ၁ ဦးသေဆုံး
DVB
·
November 19, 2017
ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေးတွင်းပြိုကျ၊ လုပ်သား ၁ ဦးသေဆုံး
Donate to DVB

ကလေးဝမြို့နယ်၊ ကျောက်အုံရွာမှာ ကျောက်မီးသွေးတွင်းပြိုကျပြီး လုပ်သားတယောက် သေဆုံးခဲ့တယ်လို့ ကလေးဝမြို့မရဲစခန်းက သိရပါတယ်။

မနေ့က မနက်ပိုင်းက ကျောက်အုံရွာ၊ ထူးဟန်သစ် လုပ်ကွက်က လိုဏ်ခေါင်းထဲမှာ အောင်ခိုင်ဝင်းနဲ့ ကံကြီးအောင်တို့နှစ်ယောက် ကျောက်မီးသွေးတူးနေတုန်း အပေါ်က အမိုးမြေပြိုကျပြီး ဒဏ်ရာတွေ ရခဲ့ပါတယ်။

ကံကြီးအောင်မှာ ညာလက်ဖျံနဲ့ မစိုးရိမ်ရတဲ့ ဦးခေါင်းဒဏ်ရာရပြီး၊ အောင်ခိုင်ဝင်းကတော့ နဖူးမှာ ပေါက်ပြဲဒဏ်ရာ၊ နံရိုးကျိုးတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို ကလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသခဲ့ပြီး အောင်ခိုင်ဝင်းက သေဆုံးသွားခဲ့ တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ကလေးဝရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး ဓမ္မတာ အတိုင်းသေတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013