DVB Logo
Home
မြန်မာသတင်း
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရုံး ဖွင့်လှစ်
DVB
·
November 19, 2017
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရုံး ဖွင့်လှစ်
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ရုံးကို မနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)  ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ဒီရုံးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နည်းပညာ၊ စီမံခန့်ခွဲမှုတွေနဲ့EAO အချင်းချင်းအကြား စနစ်ကျတဲ့ အထောက်အကူပြု ယန္တရားအဖြစ် ဖော်ထုတ်နိုင်ပြီလို့ ပြောပါတယ်။

ပြီးတော့ NCA လက်မှတ်ရေး ထိုးထားကြတဲ့ အဖွဲ့အစည်းတွေ ကိုယ်စား ထူထောင်ထားပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပြုလုပ်တဲ့ ကြားခံ ဆက်သွယ်ရေးယန္တရားတခု ဖြစ်သလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက် အကူပြုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ကြားခံ ဆက်သွယ်နိုင်မယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကတော့ ငြိမ်းချမ်းရေးဟာ  ရှည်လျားတဲ့ ခရီးစဉ်လမ်း တခုဖြစ်ပြီး အခုအခါ ဒီရုံးဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးနဲ့ အနီးဆုံးနေရာမှာ ရှိတာကြောင့် ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်းရေးလမ်းအရှည်ကြီးကို တစိတ်တဒေသအားဖြင့် တိုတောင်း နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။

အပစ်ရပ် ၈ ဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး  လုပ်ငန်းစဉ်တွေ အရှိန်အဟုန်လျော့ကျသွားစေတာက လူထုပါဝင်မှုကိုကန့်သတ်ပြီး အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို အကန့်အသတ်နဲ့ ကျင်းပခွင့်ပြုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တပ်မတော်ဘက်က ကျယ်ကျယ်ပြန့်ပြန့် မလုပ်စေချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ် မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင် လက်မှတ်ထိုးနိုင်ဖို့ နည်းလမ်းတွေကို  အပစ်ရပ်ထားတဲ့ ၈ ဖွဲ့က ရှာဖွေဖော်ထုတ်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013