DVB Logo
Home
မြန်မာသတင်း
ငပုတောမြို့နယ်တွင်း တောဆင်ရိုင်းများ ၀င်ရောက်၍ ဒေသခံများ စိုးရိမ်နေ
DVB
·
November 19, 2017
ငပုတောမြို့နယ်တွင်း တောဆင်ရိုင်းများ ၀င်ရောက်၍ ဒေသခံများ စိုးရိမ်နေ
1 / 4
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုမှာရှိတဲ့ ငရုတ်ကောင်းတောင်နားကို တောဆင်ရိုင်း ၁၀ ကောင်လောက် ရောက်လာလို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။

တောဆင်ရိုင်းတွေဟာ တင်းချောင်းကျေးရွာအုပ်စုမှာရှိတဲ့ ငရုတ်ကောင်းတောင်နားက ၆၆ KV မီးစက်ဟောင်းအနောက် တောင်ကုန်းပေါ်မှာ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ရောက်လာပြီး အနားမှာရှိတဲ့ ရွာတွေထဲဆင်းမလား၊ လယ်တွေထဲ ဆင်းမလားဆိုတာ ကြောက်လန့်နေကြတယ်လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

“အခုရွာမှာ တအားကြောက်နေတာပေါ့၊ လယ်တွေနဲ့ကလည်း တမိုင်လောက်ပဲ ဝေးတော့ လယ်တွေဆီ ဆင်းရင်တော့ ခြောက်လှန့်ထုတ်ဖို့ရှိတယ်။ လူနဲ့တော့မရဘူး ဆင်မောင်းအဖွဲ့ကို အကူအညီတောင်း ခြောက်လှန့်ပြီး သူတို့နောက်မှာ ဆင်မုဆိုးအန္တရာယ်ရှိလား။ စပါးပေါ်ချိန်မို့ စပါးပဲဆင်းစားတာလားဆိုတာ စုံစမ်းရမယ်” လို့ တင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးထွန်းလေး က ပြောပါတယ်။

ဆင်တွေရောက်နေတယ်ဆိုတဲ့ နေရာကို ငပုတောမြို့နယ်သစ်တောဦးစီးဌာန တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အသင်းက တာဝန်ရှိသူတွေက ညပိုင်းသွားရောက်ချိန်မှာတော့ တောထဲပြန်ဝင်သွားပြီး ဒီကနေ့မနက်ပိုင်းအထိတော့ ပြန်ပေါ်မလာသေးဘူးလို့ ငပုတောမြို့နယ် သစ်တောဦးစီး ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

“တောဆင်တွေ ရောက်နေတယ်ဆိုလို့ ရွာသားတွေလာပြောလို့ သွားကြည့်တယ်။ ညနေပိုင်းလောက်ကတည်းက တောထဲပြန်ဝင်သွားတယ်။ ည ၉ နာရီလောက်မှာ ဆင်ဝင် သေးလား သွားကြည့်ပေမယ့် မတွေ့တော့ဘူး။ ဒီနေ့တော့ ဆင်တွေဆင်းတဲ့အချိန် ညနေပိုင်း လောက် ထွက်လာဦးမလားကြည့်ရမယ်”လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အသင်း ငပုတောမြို့နယ် တာဝန်ခံ ဦးစိုင်းဇော်ဦး ကပြောပါတယ်။

ငရုတ်ကောင်းတောင်ဒေသဟာ တောဆင်ရိုင်းအုပ်တွေ မကြာခဏရောက်နေကျ ဒေသတစ်ခုဖြစ်ပြီး ဆင်သတ်မုဆိုးတွေ သတ်ဖြတ်မှုကြောင့် အသတ်ခံရတဲ့ ဆင်သေတွေလည်း မကြာခဏ တွေရလေ့ရှိပြီး သင်းကွဲဆင်ပေါက်စလေးလေးတွေလည်း မကြာခဏတွေ့ရှိရာ ဒေသဖြစ်တယ်လို့ ငပုတောမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013