Home
မြန်မာသတင်း
မိတ္ထီလာတွင် ကလေးစာပေပွဲတော်ကျင်းပ၊ စိတ်ဝင်စားသူ အများအပြားလာရောက်
DVB
·
November 19, 2017
23754850_2572828399522828_2864481574769945754_n
23658461_2572828139522854_8813966657051760371_n
23658376_2572828306189504_4676208351795752515_n
23621722_2572828066189528_8210910974212914664_n
23561783_2572827896189545_8938344046758481260_n
23561650_2572828229522845_6217069956267884600_n
23561640_2572828366189498_2325528828519449509_n
  မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အမှတ်(၁)အထက်တန်းကျောင်းမှာ နိုဝင်ဘာ ၁၈ ရက် မနက်က ကလေးစာပေပွဲတော်ကျင်းရာ စိတ်ဝင်းစားသူအများအပြား လာရောက်ကြတယ်လို့ မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။ မိတ္ထီလာခရိုင် ပြန်ဆက်ဦးစီးမှူး ဒေါ်ငုချိုချို ကျော်က “တိုင်းနဲ့ပြည်နယ် ၁၄ ခုရဲ့ မြို့တော်တွေမှာ ကလေးစာပေပွဲတော် လုပ်ပြီးသွားပြီ။ တိုင်းတတိုင်းမှာ ခရိုင်တခု၊ တိုင်းနဲ့ပြည်နယ် ၁၄ ခု၊ ခရိုင် ၁၄ ခုကို အလှည့်ကျလုပ်သွားမှာပါ။ မန္တလေးတိုင်းဒေသကြီးထဲက မိတ္ထီလာခရိုင်မှာ ကျင်းပခွင့်ရပါတယ်။ ကလေးတွေ စာဖတ်ဖြစ်အောင် အသိဉာဏ် အတွေးအခေါ် မြင့်မားလာစေဖို့ စာအုပ်စာပေနဲ့ ရင်းနှီးကျွမ်းဝင်ရှိစေဖို့ ရည်ရွယ်တယ်ပေါ့နော်။ ကလေးစာပေကတော့ ဆရာကြီး မင်းသုဝဏ်ရဲ့ စာတွေအများဆုံး ပြသဖြစ်တယ်။ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ အဲလိုပြိုင်ပွဲတွေအတွက် ဆုပေါင်း ၂၅ ဆုပေးသွားမယ်။ စာအုပ်ဆိုင် ၂၀ ကျော်လာဖွင့်တယ်။ စိတ်ဝင်တစား ဝယ်ယူကြတယ်။ ဆိုင်တဆိုင်ကို ညနေအထိ ၁၆ သိန်းဖိုးလောက်ရောင်းရတယ် ဆိုတာသိရတယ်။ စာအုပ်ဆိုင်တွေ အားရကျေနပ်ကြတယ်” လို့ ပြောပါတယ်။ လက်ထောက်ပညာရေးမှူးဦးမြင့်ဆန်းဦးက “မိတ္ထီလာခရိုင်တွင်းက မြို့နယ် ၄ ခုက ကျောင်းသားကျောင်းသူတွေ လာကြတယ်။ အတော်ကိုစိတ်ဝင်စားကြတယ်။ အထက-၁ ထဲ ပြည့်ညပ်နေတာပဲ။ ဒီလိုပွဲတော်ကျင်းပတာ ဒါက ပထမဆုံးပဲလေ” လို့ ပြောပါတယ်။ ၁၀ တန်းကျောင်းသူမစန်းစန်းထွေးက “စာအုပ်တွေအများကြီးပဲ။ ဒီလိုပွဲမျိုး သမီးကတော့ ဒီတခါပဲ တွေ့ဖူးတယ်။ ခဏခဏလုပ်ပေးရင် ကောင်းမှာပဲ။ သမီးကတော့ ပုံပြဗုဒ္ဓဝင် စာအုပ်ဝယ်ခဲ့တယ်” လို့ပြောပါတယ်။ “စာအုပ်စာပေ မျိုးစုံတွေ့ရတယ်။ သုတစာပေ ရသစာပေ အစုံတွေ့ရှိရပါတယ်။ အနိမ့်ဆုံးဈေး ၅၀၀ ကျပ်ပေးရတယ်။ ဖျော်ဖြေပွဲပြိုင်ပွဲပြပွဲတွေလည်း ပါဝင်ပြီး လူကြီးမိဘတွေက ကလေးတွေ စာပေနဲ့ ရင်းနှီးအောင် ဒီလိုပွဲမျိုးလုပ်တာ နှစ်ခြိုက်သဘောကျနေတယ်။” လို့ မိတ္ထီလာမြို့နေ ဦးဘစံက ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024