DVB Logo
Home
မြန်မာသတင်း
စည်ပင်ဥပဒေ ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်း တိုင်းလွှတ်တော် တင်သွင်းသွားမည်
DVB
·
November 19, 2017
စည်ပင်ဥပဒေ ပြန်လည်ပြင်ဆင်သည့် ဥပဒေမူကြမ်း တိုင်းလွှတ်တော် တင်သွင်းသွားမည်
Donate to DVB

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတခုကို အခုလအတွင်း တိုင်းလွှတ်တော်မှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းလွတ်တော်ဥက္ကဋ္ဌ ဦးဆောင်ပြီး နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းရေးဆွဲထားတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေကို ပြန်လည်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အခုလအတွင်း တိုင်းလွှတ်တော်တင်မယ်လို့ ဥပဒေမူကြမ်း စိစစ်ရေးကော်မတီအဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ ဒီဥပဒေကြမ်းကို ကော်မတီဝင်တွေက အသေးစိတ် စိစစ်နေပြီး နိုဝင်ဘာ ၂၂ ရက်နေ့ အင်္ပြီးသတ်ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။

ရေးဆွဲပြီးတဲ့ မူကြမ်းကို ရန်ကုန်တိုင်းအစိုးရထံ တင်ပြသွားမှာဖြစ်ပြီး တိုင်းအစိုးရကနေတစ်ဆင့် ရန်ကုန်တိုင်းလွှတ်တော်ကို တင်သွင်းအတည်ပြုသွားမှာပါ။

ဒီဥပဒေမူကြမ်းကို ဒီဇင်ဘာလအတွင်းမှာ အတည်ပြုသွားမှာဖြစ်ပြီး ရန်ကုန်စည်ပင် ရွေးကောက်ပွဲကိုတော့ လာမယ့်မတ်လမှာ ကျင်းပမှာပါ။

လက်ရှိပြန်လည်ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းမှာတော့ ဖောင်းပွနေတဲ့ ရန်ကုန်စည်ပင်ဌာန ၂၂ ဌာနကို ဌာန ၃ ခုထိလျော့ချထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013