DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ကားအရောင်းအ၀ယ်လုပ်ရာမှ လူသတ်မှုဖြစ်
DVB
·
November 18, 2017
ရေးမြို့နယ်တွင် ကားအရောင်းအ၀ယ်လုပ်ရာမှ လူသတ်မှုဖြစ်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကိုးမိုင်ကျေးရွာအုပ်စု ရေး-ထားဝယ်သွားလမ်းဘေးမှာ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ဘုန်းကြီးကျောင်းကို လှူဒါန်းထားတဲ့ ကားကို ရောင်းလိုက်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ဒေါ်ရွှေညိုရဲ့ ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင်နဲ့ သားဖြစ်သူ သောင်းထွန်းဦးတို့ ရေး-ထားဝယ်ကားလမ်းဘေးရှိ မစိုးရိမ်တောရဘုန်းကြီးကျောင်းမှာ လှူဒါန်းထားတဲ့ ကားကို တရွာတည်းနေ ဦးလှမြင့်က ရောင်းလိုက်လို့ ဦးဝင်းနိုင်က မကျေမနပ်ဖြစ်ရာကနေ စကားများကြပြီး ဦးလှမြင့်ရဲ့သားဖြစ်သူ လှမျိုးဦးက ဓားမြှောင်နဲ့ ထိုးလို့ ဦးဝင်းနိုင် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့မှူးရုံး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး သိန်းနိုင်က ပြောပါတယ်။

ဦးလှမြင့်က ဦးဝင်းနိုင်အား နောက်မှ ဖက်ချုပ်ကာ လှမျိုးဦးက အရိုးသွား ၁၂ လက်မလောက်ရှိ ဓားနဲ့ ထိုးသတ်ခဲ့တာဖြစ်ကြောင်း၊ ဦးဝင်းနိုင်ရဲ့ ဇနီးဖြစ်သူလည်း ၀ဲပခုံးညိုမည်းဒဏ်ရာ ရခဲ့တယ်လို့ ရဲမှတ်တမ်းက ဖော်ပြထားပါတယ်။

ခေါဇာနယ်မြေရဲစခန်းက လှမျိုးဦးနဲ့ ဦးလှမြင့်တို့ကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂ /၃၂၅/၁၁၄ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013