DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်တွင် စာသင်ကျောင်း သုံးပုံတပုံ ပြန်ဖွင့်ဟု ပညာရေးဌာနပြော
DVB
·
November 18, 2017
မောင်တောခရိုင်တွင် စာသင်ကျောင်း သုံးပုံတပုံ ပြန်ဖွင့်ဟု ပညာရေးဌာနပြော
Donate to DVB

အကြမ်းဖက်မှုတွေကြောင့် ပိတ်ထားရတဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ ရှိနေတဲ့ စာသင်ကျောင်း သုံးပုံတပုံလောက် ပြန်ဖွင့်ထားပြီလို့ ပညာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မောင်တောခရိုင်ထဲမှာ ကျောင်းပေါင်း ၄၀၄ ကျောင်းရှိပြီး ၁၃၀ ပြန်ဖွင့်ထားပြီ ဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၈၃ ကျောင်းရှိပြီး ၅၅ ကျောင်း ဖွင့်ထားပြီလို့ မြို့နယ် ပညာရေးမှူး ဦးခင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“အထက်တန်းကျောင်း ၈ ကျောင်း အပါအင် ၅၅ ကျောင်း ဖွင့်ထားပါပြီ။ ကျောင်းအများစု မဖွင့်နိုင်သေးတာကတော့ ရွာတွေမှာ လူမရှိလို့ပါ” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာတော့ ၂၂၁ ကျောင်းရှိပြီး ၇၅ ကျောင်း ပြန်ဖွင့်ထားပြီလို့ ခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က ပြောပါတယ်။ “အရင်တုန်းကတော့ လုံခြုံရေးကြောင့်ပေါ့။ အခုတော့ မဖွင့်နိုင်သေးတာက အိမ်တွေ မီးတိုက်(မီးရှို့) ခံထားရတယ်။ အိမ်မရှိဘူး။ လူမရှိဘူး။ အဲဒါကြောင့်ပါ။ လူရှိရင်တော့ ကျနော်တို့ ပြန်ဖွင့်နေပါတယ်။ တဖြည်းဖြည်းတော့ လိုက်ဖွင့်နေပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သြဂုတ် ကစပြီး စာသင်ကျောင်းတွေကို ပိတ်ထားခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့ က အကြမ်းဖက်မှုတွေ တဖန်ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းပေါင်း ၄၀၄ ကျောင်း ပိတ်ထားခဲ့ရတာပါ။ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားပေါင်း ၁ သိန်း ၄ သောင်းကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013