DVB Logo
Home
မြန်မာသတင်း
ထားဝယ်အမျိုးသားညီလာခံ ပထမဆုံးအကြိမ်ကျင်းပ
DVB
·
November 18, 2017
ထားဝယ်အမျိုးသားညီလာခံ ပထမဆုံးအကြိမ်ကျင်းပ
Donate to DVB

ထားဝယ်အမျိုးသားနေ့၊ အမျိုးသားအလံ၊ အမျိုးသားတံဆိပ် ပေါ်ပေါက်နိုင်ဖို့နဲ့ ထားဝယ် စကား၊ စာပေနဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ထားဝယ်အမျိုးသားညီလာခံကို ကျင်းပနေပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမမှာ နိုဝင်ဘာ ၁၈ ရက်နေ့က စတင်ကျင်းပနေတာပါ။

နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ဒီညီလာခံမှာ ထားဝယ်လူမျိုး၊ ထားဝယ်ဒေသယဉ်ကျေးမှု၊ ထားဝယ်ဝေါဟာရ သမိုင်းလေ့လာချက်စာတမ်းတွေကို တင်သွင်းဖတ်ကြားသွားမယ်လို့ သိရပါတယ်။

အခုကျင်းပနေတဲ့ ညီလာခံကို သံဃာတော်တွေနဲ့ ထားဝယ်လူမျိုး တစ်ထောင်နီးပါး တက်ရောက်ဆွေးနွေးနေကြတာပါ။

တနင်္သာရီတိုင်းဒေသကြီးအပါဝင် မြန်မာနိုင်ငံအရပ်ရပ်က ထားဝယ်လူမျိုးတွေ လာရောက်စုဝေးပြီး ညီလာခံကို ကျင်းပနေတာပါ။

သတင်းနှင့်ဓာတ်ပုံ - ကျော်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013