DVB Logo
Home
မြန်မာသတင်း
ဇင်ပြွန်းကုန်းရွာ အသုဘ လမ်းဖြတ်သန်းမှု အငြင်းပွားသည့်ကိစ္စ ပြေလည်မှုရရှိ
DVB
·
November 18, 2017
ဇင်ပြွန်းကုန်းရွာ အသုဘ လမ်းဖြတ်သန်းမှု အငြင်းပွားသည့်ကိစ္စ ပြေလည်မှုရရှိ
Donate to DVB

ကျုံပျော်မြို့နယ်၊ ဇင်ပြွန်းကုန်းရွာမှာ ဖြစ်ပွားနေတဲ့ အသုဘအခေါင်း ရွာလယ်လမ်းဖြတ်သန်းမှုနဲ့ပတ်သက်လို့ အငြင်းပွားနေတဲ့ကိစ္စဟာ ညှိနှိုင်းပြီး ပြေလည်မှုရရှိသွားပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ဇင်ပြွန်းကုန်းကျေးရွာမှာ နာရေးပို့ဆောင်ဖို့ လုပ်ရာမှာ အစဉ်အဆက်သုံးနေတဲ့ လမ်းဟောင်းကို အသုံးမပြုဘဲ ရွာလည်လမ်းမကြီးကို အသုံးပြုဖို့ ကြိုးစားတဲ့အတွက် ရွာလည်လမ်းမကြီးကို ဖြတ်သန်းခွင့်မပေးတဲ့ ရွာအနောက်ပိုင်း အုပ်စုနဲ့ နာရေးပို့ဆောင်မယ့် ရွာအရှေ့ပိုင်း အုပ်စုနှစ်စုကြား တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ရဲလုံခြုံရေး အစောင့်အကြပ်တွေ ချထားခဲ့ရပြီး လူစုလူဝေးတွေမလုပ်ဖို့နဲ့ လူစုခွဲဖို့ အကြိမ်ကြိမ်ကြေညာခဲ့ရပါတယ်။

နာရေး ငါးရက်အကြာ ဒီနေ့မှာတော့ နှစ်ဖက်ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့ပြီး အလောင်း မြေချမှု အဆင်ပြေသွားပါပြီ။

နာရေးရှင်တွေအနေနဲ့ကတော့ ရွာအရှေ့ပိုင်းက သူတွေကိုသာ ဒီလမ်းကို အသုံးပြုခွင့် မပေးတာလို့ ထင်တဲ့အတွက် အခုလို ရွာလယ်လမ်းကို အသုံးပြုဖို့ ကြိုးစားအားထုတ်ခဲ့ကြတာပါ။

မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ နာရေးဖြစ်တဲ့အခါမှာ မည်သူမဆို ကျွဲလမ်းကိုသာ အသုံးပြုဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီး ကျွဲလမ်းကနေ အဆင်ပြေစွာနာရေးပို့ဆောင်နိုင်ရေး ကိစ္စတွေ ညှိနှိုင်းခဲ့တာမှာတော့ အဆင်ပြေသွားခဲ့တာပါ။

ရွာလယ်လမ်းကတော့ ဒေသခံတွေက သူတို့ပိုင်ဆိုင်တဲ့ခြံကို အသုံးပြုခွင့်ပေးထားတဲ့ လမ်းဖြစ်ပြီး ကျွဲလမ်းလို့ခေါ်တဲ့ နာရေးချရာမှာ အသုံးပြုတဲ့လမ်းကတော့ အုပ်ချုပ်ရေးက သတ်မှတ်ထားတဲ့ ရွာလမ်းဖြစ်တယ်လို့ဆိုပါတယ်။

နာရေးချရာမှာ အသုံးပြုတဲ့လမ်းကတော့ မိုးရာသီမှာသွားလာဖို့ ခက်ခဲပါတယ်။ ဒါကိုတော့ အစိုးရက ရာသီမရွေး သွားလာနိုင်တဲ့လမ်းဖြစ်အောင် ဆောင်ရွက်နေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013