DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းအနောက်ခြမ်းတွင် ဖရဲစိုက်ပျိုးသူ များလာ၊ နည်းပညာမသိ၍ အခက်ကြုံ
DVB
·
November 18, 2017
ပဲခူးတိုင်းအနောက်ခြမ်းတွင် ဖရဲစိုက်ပျိုးသူ များလာ၊ နည်းပညာမသိ၍ အခက်ကြုံ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်းက ကျေးရွာတွေမှာ ဖရဲစိုက်ပျိုးသူများလာပေမယ့် စိုက်ပျိုးနည်းပညာမသိလို့ စိုက်ပျိုးရာမှာ အခက်အခဲတွေ ရှိသလို ဈေးနှုန်းမတည်ငြိမ်မှုကြောင့် ရောင်းချတဲ့အခါ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်လို့ ဖရဲစိုက်တောင်သူတွေက ပြောပါတယ်။

ထိုင်ဝမ်ဖရဲသီး စိုက်ပျိုးတောင်သူတွေ အရင်နှစ်က သိပ်မရှိပေမယ့် ဒီနှစ်မှာတော့ မိုးစပါးပိုးကျလို့ အထွက်နူန်းလျော့နည်းမှု၊ မတ်ပဲဈေးကွက်ပျတ်တာတွေကြောင့် စိုက်ပျိုးသူ များလာတယ်လို့ ဖရဲစိုက်တောင်သူ ဦးဝင်းသန်းက ပြောပါတယ်။

“ဒီဘက်ကလယ်တွေက ကုန်းကျတယ်၊ တနှစ်ကို မိုးစပါးရယ်၊ နွေရာသီဆိုမတ်ပဲကို စိုက်ပျိုးကျတယ်။ အရင်က ဖရဲစိုက် ပျိုးသူနည်းတယ်။ ဒီနှစ်မိုးစပါးပိုးကျပြီး တစ်ဧကကို စပါးက ၂၀ တင်းလောက်ပဲထွက်တော့ စိုက်ပျိုးစရိတ်ပြန်မရတဲ့အပြင် ရိတ်သိမ်းခပါ ထပ်ရှုံးတော့ အဆင်မပြေဘူး။ မတ်ပဲကျတော့လည်း ပဲဈေးကွက်ပျက်တော့ ထပ်မစိုက်ရဲဘူး။ ဒါကြောင့်ထိုင်ဝမ်ဖရဲကို စိုက်ဖြစ်တာပါ။ စိုက်တဲ့နေရာမှာကျတော့လည်း နည်းပညာက နားမလည်တော့ အရင်စိုက်တဲ့သူတွေကို မေးပြီးစိုက်နေရတာပါ။ အရင်းကများတယ် တဧကကိုသိန်း ၂၀ လောက်ကုန်တယ်။”

ကိုယ်တိုင်လည်းဖရဲစိုက်ပျိုးပြီးမူဆယ် ဈေးကွက်ကို ကိုယ်တိုင်တင်ပို့ ရောင်းချနေသူ ဦးတင်သိန်းက “မူဆယ်(၁၀၅)မိုင်မှာက ပွဲရုံတွေကိုချိတ်ထားပြီး ဈေးကိုနားထောင်နေရတာပါ။ ပွဲရုံက ဈေးကောင်းတယ်ဆို ကျနော်တို့က အမြန်ခူးပြီး(၃)ရက်အတွင်း အရောက်ပို့ရတာပါ။ အဲဒီမှာ တရုတ်ဘက်က ဝယ်လက်ကလာကြည့်ပြီး ကြိုက်တယ်ဆို တစ်ခါထဲရောင်းရတယ်။ ၃ ရက်အတွင်းမှာ ဖရဲသီးကားတွေက ဆက်တိုက်ရောက်လာပြီး ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှရင်သွားရော။ ဈေးနှိမ်ခံရတယ်။ ဖရဲသီးက တရုတ်တနိုင်ငံတည်းကို ပို့ရတာ။ ပြီးခဲ့တဲ့နှစ်နှစ်ကဆို ဖရဲသီးဝယ်မဲ့သူမရှိလို့ ဒီအတိုင်းလွင့်ပစ်ထားရတဲ့သူတွေရှိတယ်။ ပြည်ပဈေးမရလို့ ပြည်တွင်ဈေးကွက်မှာဆို ဖရဲစိုက်တောင်သူတွေရှုံးတယ်။ ကျနော်တို့တောင်သူတွေက စိုက်ပျိုးရေးမှာ အောင်မြင်အောင် စိုက်ပျိုးနိုင်ပါတယ်။ အခုလည်း ဖရဲစိုက်ပျိုးတာ အောင်မြင်နေပြီး နိုင်ငံတကာဈေးကွက်ဝင်နေပါပြီ။ ဒါပေမယ့် နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ ကုန်သွယ်မှုတွေ စိုက်ပျိုးရေးနည်းပညာတွေ၊ ဈေးကွက်တွေကျတော့ တောင်သူတွေကနားမလည်ဘူး။ ဒါကြောင့်နိုင်ငံတော်အနေနဲ့ တောင်သူတွေကို နည်းပညာတွေ ကုန်သွယ်မှုတွေ ဈေးကွက်တွေကို ထိန်သိမ်းပြီးထားပေးမယ်ဆို အဆင်ပြေမှာပါ။ အခုကတောင်သူတွေက နားမလည်လည်း ကိုယ့်ဈေးကွက်ကိုယ်ရှာ။ ကိုယ့်ဟာကိုယ့် ရောင်း၊ ရှုံးရှုံးမြတ်မြတ် ကိုယ်ဖြစ်ကိုခံဖြစ်နေတော့ တောင်သူတွေ ဒုက္ခရောက်နေတာပါ” လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း သာယာဝတီခရိုင်အတွင်းက ကျေးရွာတွေဖြစ်တဲ့ ဖားရွှေကျော်ကျေးရွာ၊ ရေတိုက်ကျေးရွာ၊ ဆင်စခန်းကျေးရွာ၊ သဲဖြူကျေးရွာ၊ လှည်းလမ်းကူးကျေးရွာနဲ့ အခြားကျေးရွာတွေမှာ မိုးစပါးအထွက်လျော့နည်းပြီး မတ်ပဲဈေးကွက်ပျတ်တာတွေကြောင့် အရင်နှစ်တွေထက် ထိုင်ဝမ်ဖရဲစိုက်ပျိုးရေးကို ပိုမိုစိုက်ပျိုးလာကျပြီး  အခုနှစ်မှာ ဖရဲစိုက်တောင်သူ ၃၀၀ လောက်အထိ စိုက်ပျိုးလာပြီး စိုက်ပျိုးဧက ၅၀၀ ကျော်အထိရှိလာပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013