အင်္ဂပူတွင် စာကျက်နေသည့် ကျောင်းသူထံမှ နားကပ် လုယက်မှု ဖြစ်ပွား
DVB
·
November 18, 2017

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းအပိုင် မဲဇလီကုန်း ဘူတာလမ်းမှာ အောက်တိုဘာ ၁၇ ရက် ညပိုင်းက နေအိမ်အတွင်း စာကျက်နေတဲ့ ဆယ်တန်းကျောင်းသူရဲ့ နားကပ်ကို ၀င်ရောက် လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
“ဟုတ်ပါတယ်။ မနေ့ကညပိုင်း ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။ ခုလိုမျိုးအိမ်ဝင်ရောက် လုယက်တာဟာ ခု မဲဇလီကုန်းမှာ ပထမဆုံးဖြစ်တာပါ။ ဘူတာလမ်း လူလည်းမပြတ်ပါဘူး။ ခုဖြစ်စဉ်ကဖြစ်ပွားတဲ့အိမ်ကို တရားခံက နောက်ဖေးပေါက်က ဝင်လာတာပါ။ ကလေးမလေး စာကျက်နေတာ။ တွေတော့ ကလေးမလေးပြေးတာ ဆံပင်လှမ်းဆွဲလို ခုံနဲ့ရိုက်မိသွားတယ်။ ပြီးတော့ နားကပ်တဖတ်ကိုဖြုတ်သွားတယ်။ ပြီးတော့ ထွက်ပြေးသွားတယ်။ ခုမဲဇလီကုန်းရဲစခန်းက ရဲလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။ ခုဖြစ်စဉ်ကိုတော့ မဲဇလီကုန်းရဲစခန်း အမှုဖြစ်စဉ်အမှတ် (ပ) ၉၁ ရာဇာသတ်ကြီးပုဒ်မ-၃၉၄ လူ့ယက်နာကျင်စေမှုနဲ့ အမှုဖွင့်ထားတယ်။ ကိုယ်တို့တွေခုရွာတွေဘက်ပါ သွားပီစစ်ဆေးနေပါတယ်”လို့ မဲဇလီကုန်းနယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ကျော်ထူးက ပြောပါတယ်။
ခုလိုလူယက်မှုတွေက ဟသာင်္တခရိုင်၊ ဟသာင်္တမြို့ပေါ်မှာ မကြာခဏဆိုသလို လူယက်မှုတွေ ဖြစ်ပွားနေတာပါ။