DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် ရာသီဥတုကြောင့် ငရုတ်ကောင်း အထွက်နှုန်းလျော့ကျ
DVB
·
November 18, 2017
ရေးမြို့နယ်တွင် ရာသီဥတုကြောင့် ငရုတ်ကောင်း အထွက်နှုန်းလျော့ကျ
Donate to DVB

ရာသီဥတုဖောက်ပြန်လာတဲ့အတွက် ငရုတ်ကောင်းအထွက်နှုန်းမှာ ယခင်နှစ်ထက် အထွက်နှုန်းတွေ ကျဆင်းတယ်လို့ မွန်ပြည်နယ်၊ ရေးမြို့နယ်က ငရုတ်ကောင်းစိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။

စိုက်ပျိုးတောင်သူ ဦးစောလွင်က “ငရုတ်ကောင်း ပုံမှန်ပန်းပွင့်တဲ့ဇူလိုင်လမှာ မိုးရွာသွန်းမှုပိုမိုအား ကောင်းလာတဲ့အခါ ငရုတ်ကောင်းပန်းတွေကြွေကျ ပျက်စီးတာရယ်ကြောင့် ပုံမှန်ထွက်မယ့် အချိန်ကာလမှာ ယခင်နှစ်ထက် ၃ ပုံမှာ ၁ ပုံလောက်သာ ထွက်ရှိတယ်” လို့ ဆိုပါတယ်။

ထွက်ရှိလာတဲ့ ငရုတ်ကောင်းမှာ ဈေးကွက်အတွင်းကို စတင်ဝင်ရောက်ခဲ့ပေမယ့် ဒီနှစ်က ငရုတ်ကောင်းအဝင်မရှိလို့ ကုန်ကြမ်းပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး ကုန်သည်အများစုက ပြီးခဲ့တဲ့ နှစ်က ဈေးကောင်းပေး သိုလှောင်ဝယ်ယူထားရာ အခုနှစ်က ဈေးကွက်အကျဘက်ကို ဦးတည်လာ လို့ ထိခိုက်လာဖွယ်ရှိနေပါတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ငရုတ်ကောင်းဟာ ပြာသိုလ၊ တပို့တွဲလတွေမှာ ပုံမှန်ထွက်ရှိပြီး ပြည်တွင်း ရန်ကုန်ဈေးကွက်အပြင် ပြည်ပနိုင်ငံတွေအထိလည်း တင်ပို့ ရောင်းချနေလျက်ရှိရာ ပြီးခဲ့တဲ့ရာသီက ငရုတ်ကောင်း ၁ ပိဿာလျှင် ကျပ် ၁၄၀၀၀ အထိ ရခဲ့တယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013