DVB Logo
Home
မြန်မာသတင်း
အညာတောင်သူအချို့ ဘီလားကောင် ထောင်ဖမ်း၍ ဝင်ငွေကောင်း
DVB
·
November 18, 2017
အညာတောင်သူအချို့ ဘီလားကောင် ထောင်ဖမ်း၍ ဝင်ငွေကောင်း
Donate to DVB

မန္တလေးတိုင်းဒေသကြီးအတွင်းက တောင်သူတချို့ ဘီလားကောင်ထောင် ဖမ်းကြရာ ၀င်ငွေကောင်းနေတယ်လို့ ဆူးပန်းရွာနေ ကိုဆန်းဝင်းက ပြောပါတယ်။

“ရေစပ်စပ်ရှိတဲ့နေရာတွေ ကင်းတားဆည် မြောင်းမကြီးဘေးတွေမှာ ဘီလားထောင်ကြတယ်။ တချို့ကလည်း လယ်စောင့်ရင်း ထောင်ကြတယ်။ လင်မယားနှစ်ယောက်ဆို   လေးငါးသောင်းလောက်ရကြတယ်” လို့ ဆိုပါတယ်။

ဘီလားထောင်သူ ကိုကျော်ဆန်းလှိုင်က “ဘီလားဝယ်လက်က အဏုမြူဖန်ချောင်းနဲ့ ဘက်ထရီအိုး ဝယ်ပေးတယ်။ ဘီလားအထီးအမတစုံကို ၃၀၀ ကျပ်နဲ့ဝယ်တယ်။ တညကိုအစုံ ၁၀၀ လောက်တော့ရတယ်။ တခါတလေလည်းပိုရတယ်။ ဒီဖန်ချောင်းထွန်းထားရုံပဲ။ ဘီလားကောင်တွေ ရောက်လာတယ်။ ဒီဖန်ချောင်းနားရောက်ပြီး ဘယ်မှဆက်မပျံတော့ဘူး။ အမတွေက အရင်ရောက်လာတယ်။ အထီးတွေက နောက်မှရောက်လာတယ်။ ဘာဓာတ်လဲတော့မသိဘူး။ အဲဒီဖန်ချောင်းနားလူသွားကပ်ရင် အဲလူကို သရဲတစ္ဆေလိုဖြစ်နေတာ မြင်ရတယ်။ အစကတော့ လန့်တာပေါ့၊ နောက်တော့ ဒီဖန်ချောင်းမှာပါတဲ့ဓာတ်ကြောင့်ဖြစ်တာပဲ ဆိုတာသိရတယ်။ မိုးအကုန်  ဆောင်းအကူးနဲ့ ဆောင်းတွင်းတရာသီလုံးပဲ ဖမ်းလို့ကောင်းတယ်။ ကျန်တဲ့အချိန်တွေ ဘီလားသိပ်မရဘူး” လို့ ပြောပါတယ်။

ဘီလားကောင်တွေကို တရုတ်နိုင်ငံဘက်က စားသုံးဖို့ဝယ်တယ်။ အရင်ကတော့ အောက်ပြည်ဘက်မှာပဲ ဘီလားထောင်ဖမ်းကြပြီး   အညာဘက်မှာ အခုလို     ထောင်ဖမ်းလာတာ မနှစ်ကမှစလုပ်ပြီး ဖန်ချောင်းနဲ့ဘက်ထရီဖိုး  အရင်းခြောက်သောင်း လောက်ရှိတယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013