DVB Logo
Home
မြန်မာသတင်း
ပြင်ဦးလွင်ခရိုင်တွင် ရွှေခိုးတူးရာမှ တွင်းပြိုကျ၍လူ ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
November 17, 2017
ပြင်ဦးလွင်ခရိုင်တွင် ရွှေခိုးတူးရာမှ တွင်းပြိုကျ၍လူ ၃ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်က ရွှေတွင်းတတွင်းမှာ မြေပြိုကျပြီး လူ ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနက် ၉ နာရီ ခွဲလောက်က စဥ့်ကူးမြို့နယ် ငါးပြားပေးကျေးရွာအုပ်စု ပြည်သာနိုင်ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီပိုင်အင်းထဲမှာ မြေသားနံရံပြိုကျပြီး လူတွေပိတ်မိ နေကြောင်း  သတင်းရတဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ၀ိုင်းဝန်းတူးဖော်ခဲ့တာပါ။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ အသက်ရှင်သူ ၁ဦးနဲ့ သေဆုံးသူ ၃ ဦးရဲ့ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တယ်လို့ စဥ့်ကူးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ ရဲတပ်ကြပ်ကြီး အောင်မျိုးဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကယ်ဆယ်ရေးအဖွဲ့တွေ သွားတူးတော့ အဲဒီတွင်းကြီးက ခန့်မှန်းခြေ ပေ ၁၈၀ လောက်နက်တဲ့ လိုဏ်ခေါင်းကြီးလို့ ပြောတယ်ခင်ဗျ၊ ကြွက်လမ်းတွေလိုဆင်းသွားတာပေါ့၊ ကြားထဲမှာလည်း ကန့်လန့်ဖြတ်ကျင်း လမ်းတွေရှိတယ်။ အဲဒါ တနေ့လုံး တညလုံးတူးဖော်ပြီး ၁၅ ရက်နေ့ မနက်စောစောကမှ ပြန်တွေ့တယ်၊  ပေ ၁၅၀ လောက်မှာတဲ့၊ ပိတ်မိနေတာက ၄ ယောက်ပေါ့ ၊ တယောက်ကို ရှင်လျှက်နဲ့ တွေ့ရှိတယ် ၊ ၃ ယောက်ကတော့ သေသွားတယ် ”

ရွှေတွင်းတွေတည်ရှိရာ ငါးပြားပေးကျေးရွာအုပ်စုမှာ စဥ့်ကူးမြို့နဲ့ ၁၅ မိုင်ကျော်အကွာမှာ ရှိပါတယ်။ တွင်းထဲပိမိနေသူ ၄ ဦးစလုံးကတော့  စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာသားတွေဖြစ်ကြပြီး ရွှေခိုးတူးစဉ်  မြေပြိုမှုနဲ့ ကြုံရတာလို့ရဲကဆိုပါတယ်။

အသက်ရှင်လျှက် ပြန်တွေ့သူမှာ မောင်ဇင်ဝိုင်း (၂၃ နှစ်) ဖြစ်ပြီး ကျည်တောက်ပေါက် တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒဏ်ရာမပြင်းထန်တဲ့အတွက် ဆေးရုံက ဆင်းသွားပြီလို့  ရဲတပ်ကြပ်ကြီးကပြောပါတယ်။

သေဆုံးသူ ၃ ဦးမှာ အောင်မျိုးဦး၊ ၊ အောင်မြင့်သန်းနဲ့ ဖိုးရှင်တို့ ဖြစ်ကြပြီး အားလုံး အသက် ၁၉ - ၂၀ နှစ်ရွယ်လူငယ်တွေဖြစ်ကြပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်လို့ ရဲစခန်းကတော့ သေမှုသေခင်းအနေနဲ့  အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013