DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်တွင် ကုန်တင်ကား တိမ်းမှောက်၍ လူ ၂ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
November 17, 2017
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဂွ ရိုးမတောင်ပေါ်မှာ ကုန်တင်ကားတစီး မတော်တဆ တိမ်းမှောက်လို့ ယာဉ်မောင်းနဲ့ စပါယ်ယာတို့ ၂ ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားပါတယ်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၉ နာရီ အချိန်ဝန်းကျင်က ဂွမြို့နယ် ရိုးမတောင်တန်းပေါ် မိုင်တိုင် အမှတ် ၂၆/၂၂၆/၃ တို့အကြားမှာ ရန်ကုန်ကနေ သံတွဲ-ဂွကို မှန်နဲ့ ကြွေထည်ပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကုန်တင်ကား  ချောက်ထဲကို ထိုးကျခဲ့တာ ဖြစ်ပါတယ်။

ဂွမြို့နယ်စခန်းမှူးက “မောင်းသွားရင်း လမ်းဘေး ထိုးကျသွားတာပါ။ မနေ့ ည ၉ နာရီ အချိန်မှာ ကားက ကုန်ကားပါ။ စပါယ်ယာနဲ့ ဒရိုင်ဘာ နှစ်ယောက်တည်း ပါတယ်။ ကားက ခြောက်ဘီးကားပေါ့။ ကားထဲမှာ အိမ်ဆောက်ပစ္စည်းတွေ ပါတယ်။ ယာဉ်မောင်းနဲ့ စပါယ်ယာကတော့ ထိခိုက်ဒဏ်ရရှိသွားပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြင်းထန်ဒဏ်ရာရှိခဲ့တဲ့ ယာဉ်မောင်း ဦးစိုးသိန်း (၅၀-နှစ်) နဲ့  စပယ်ယာ ကိုညီညီတို့ကို ဂွမြို့နယ် ဆေးရုံမှာ အရေးပေါ် ပြသခဲ့ပြီး  ဒဏ်ရာပြင်းတာကြောင့် ရန်ကုန်ဆေးရုံကို ညချင်း ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ ဂွမြို့နယ် နာရေးအသင်းက ကိုကျော်မြင့်မောင် ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်လို့ ယာဉ်မောင်းဖြစ်သူကို ဂွမြို့မရဲစခန်းက ယာဉ် (ပ)၁၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၂၇၉၊ ၃၃၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ- ကျော်မြင့်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013