DVB Logo
Home
မြန်မာသတင်း
ခဏအနားယူပြီး အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားမယ် - ရဲတိုက် (ရုပ်သံ)
DVB
·
November 17, 2017
ခဏအနားယူပြီး အနုပညာလုပ်ငန်းတွေ ဆက်လုပ်သွားမယ် - ရဲတိုက် (ရုပ်သံ)
Donate to DVB



ပရိသတ်က ၂ နှစ်လောက်နေရင် မေ့သွားလိမ့်မယ် ထင်ခဲ့တယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက တောင်ငူထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောပါတယ်။

သူဟာ ၂၀၁၄ ခု စက်တင်ဘာလက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ပုဒ်မ ၁၆(ဂ) နဲ့ ထောင်ဒဏ် ၅ နှစ်၊ သာသနာညှိုးနွမ်းစေသောပုဒ်မ ၂၉၅ နဲ့ ၁ နှစ်၊ ၂၉၅-က နဲ့ ထောင်ဒဏ် ၁ နှစ် ပေါင်းထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး ၄ နှစ်ကျော်အကြာမှာ ပြန်လည်လွတ်မြောက်လာတာပါ။

ရဲတိုက်ကတော့ သူ့အနေနဲ့ အချိန်ကာလတခု ဆုံးရှုံးသွားတယ်လို့ မခံစားရဘဲ ဘယ်လိုခြေလှမ်းသွက်သွက်လှမ်းဖို့ကို သင်ယူခဲ့ပြီလို့ ဆိုပါတယ်။

အနုပညာသမားတယောက်အနေနဲ့ ခဏအနားယူပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်သွားမယ်၊ အရင်နဲ့အခု ဘာတွေပြောင်းလဲသွားလဲ ဆိုတာကို ပရိသတ်က ဆုံးဖြတ်ပေးပါလိမ့်မယ်လို့လည်း ရဲတိုက်က ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013