DVB Logo
Home
မြန်မာသတင်း
ရှောက်သီးဈေးကျသဖြင့် ခြံပိုင်ရှင်များ အရှုံးပေါ်
DVB
·
November 17, 2017
ရှောက်သီးဈေးကျသဖြင့် ခြံပိုင်ရှင်များ အရှုံးပေါ်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ရှောက်သီး ဝယ်လက် မရှိတာကြောင့် ဈေးထိုးကျကာ ဒီနှစ်ရာသီအတွက် ရှောက်ခြံပိုင်ရှင်တွေ အရှုံးပေါ်နေပါတယ်။

ရွှေကျင်မြို့က ထွက်ရှိတဲ့ ရှောက်သီးကို ရန်ကုန်နဲ့ မန္တလေးကို အဓိကအားထားပြီး တင်ပို့နေကြတာပါ။ ရန်ကုန်နဲ့ မန္တလေးမှာ ဈေးကောင်းမရတဲ့အတွက် အဝယ်မလိုက်တော့ဘဲ မနှစ်က ဒီအချိန်ဆို ရှောက်သီး တလုံးကို ၂၀၀၊ ၂၅၀ ပေါက်ဈေးရှိခဲ့ပါတယ်။ ဒီနှစ်မှာ တလုံးကို ၄၀ ပဲ ပေါက်ဈေး ရှိတော့တာကြောင့် ခြံပိုင်ရှင်တွေ အရှုံးပေါ်ကာ ဒီ ၄၀ ဈေးတောင် ရှောက်သီး ဝယ်လက်မရှိဘူးလို့ ရှောက်ခြံပိုင်ရှင်တဦးဖြစ်တဲ့ ဦးဖိုးပါက ပြောပါတယ်။

ရန်ကုန်ကို ရှောက်သီး အလုံးလိုက် တင်ပို့တာဖြစ်ပြီး မန္တလေးကိုတော့ ရှောက်ယိုပေါင်းစုံလုပ်ဖို့အတွက် ဆားသိပ်ပြီးသား ကုန်ကြမ်းအဖြစ် တင်ပို့တယ်လို့လည်း ဆိုပါတယ်။

“ရှောက်သီးကို ခွဲကာ ဆားသိပ်ပြီး ပုတ်ထဲကို ထည့်တယ်။ ၂ လ၊ ၃လ လောက် လေလုံအောင် အိတ်တွေနဲ့ပိတ်ပြီး နှပ်ထားရတယ်။ အခု ဝယ်လက် မရှိတာကြောင့် ရှောက်သီးဆေးပြားအစို တပိဿာကို ၄၀၀  နှုန်းနဲ့ ရောင်းတာတောင် ဝယ်မယ့်သူ မရှိဘူးဗျ။ အရင်က ဒီအချိန်ဆို ရှောက်သီးဆေးပြားအစို ၁ ပိသာ ၁၀၀၀ ကို အလုအယက် ဝယ်ကြတာ။ ခု ၄၀၀ ဈေးတောင် ၂ လဆိုင်း၊ ၃ လဆိုင်း အကြွေးရောင်းတာတောင် ဝယ်မယ့်သူက ခပ်ရှားရှား ဖြစ်နေတယ်။”

ဒီလိုဈေးကျ အရှုံးပေါ်တာဆို ဒီတနှစ်တာ ကြုံဖူးပြီး ဈေးကောင်းမရလည်း မှည့်သွားတဲ့ ရှောက်သီးကို မခူးလို့ မရတာကြောင့် အလုပ်သမား နေ့စားခ ၄၀၀၀၊ ၅၀၀၀ ပေးကာ တလကို ၂ ပတ်လောက် ခူးနေရပြီး ဒီနှစ် တရာသီလုံးစာအတွက် အလုပ်သမားခတောင် ပြန်မရနိုင်ဘဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ရွှေကျင်မြို့မှာ ရှောက်ခြံပိုင်ရှင် ၅၀၀ လောက်ရှိပြီး ဒေသခံတွေအနေနဲ့ မိရိုးဖလာ ဥယျာဉ်ခြံကို အဓိကအားထား လုပ်ကိုင်နေကြပြီး ခုလို ဈေးမရတာကြောင့် ဒေသတွင်း အလုပ်အကိုင် ရှားပါးမှုတွေနဲ့ ကြုံနေရတယ်လို့ သိရပါတယ်။

သတင်း - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013