DVB Logo
Home
မြန်မာသတင်း
ယူအန်အက်ဖ်စီနှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
DVB
·
November 16, 2017
ယူအန်အက်ဖ်စီနှင့် အစိုးရ ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း
Donate to DVB

 

အစိုးရနဲ့ အပစ်မရပ် ယူအန်အက်ဖ်စီ တပ်ပေါင်းစုတို့ ဆွေးနွေးပွဲကို ဒီနေ့မှာ ကျင်းပပြုလုပ်ဖို့ ကြိုတင်ညှိနှိုင်းချိန်းဆိုထားပေမယ့် မကျင်းပဖြစ်ဘဲ ရက်ရွှေ့ဆိုင်းလိုက်ရပါတယ်။

ငြိမ်းချမ်းရေးကော်မရှင် (ပီစီ) နဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ရဲ့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်ပြီး ဘယ်တော့ပြန်လုပ်နိုင်မယ် ဆိုတာလည်း မသိသေးဘူးလို့ ကော်မရှင်အဖွဲ့ဝင်တဦးက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။

နှစ်ဘက်ဆွေးနွေးနေဆဲဖြစ်တဲ့ ယူအန်အက်ဖ်စီဘက်က တင်ပြထားတဲ့ အချက် ၂ပါ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဆိုတဲ့ အသုံးအနှုန်းအပေါ် အငြင်းပွားနေကြပြီး ဆွေးနွေးပွဲ မလုပ်ဖြစ်တာလို့လည်း ကော်မရှင်ဘက်က ပြောပါတယ်။

ယူအန်အက်ဖ်စီဘက်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ သုံးနှုန်းလို့နေပြီး အစိုးရ ဘက်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုလို့ သုံးချင်နေတာဖြစ်ပါတယ်။

သီပေါအမတ်ဟောင်း ဦးရဲထွန်းကတော့ အစိုးရအနေနဲ့  ၀ ပြည်နယ်လို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တာမျိုး မရှိဘဲ လက်ရှိ ၀ ခေါင်းဆောင်တွေပဲ ဆက်ပြီး အုပ်ချုပ်နေတာမျိုး ကို မလိုလားလို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဥပမာ ၀ ပြည်နယ်လို ဟာမျိုးပေါ့၊အခု ၀ က ၀ ပြည်နယ်တောင်းတယ်။ သူတို့ဒေသမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပွဲတွေကို ခွင့်မပြုဘဲနဲ့ သူတို့ပဲ တောက်လျှောက် ဟိုဟာ ဖြစ်တဲ့ဟာမျိုးကို ကြိုပြီးတော့များ စိုးရိမ်လို့လားပေါ့နော်။ သို့သော်လည်း ဒါကစိုးရိမ်တယ် ဆိုပေမယ့် ဒီ စကားလုံးအပေါ်မှာ ထစ်မနေသင့်ဘူးလို့ ထင်တယ်။”

 

နိုဝင်ဘာ ၁၆ ဒီနေ့မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ ကြိုတင်ချိန်းဆိုထားကြတာဖြစ်ပြီး  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)ဟာ ဆွေးနွေးပွဲတက်ဖို့ ရန်ကုန်ကို ထွက်ခွာသွားပြီလို့ ယူအန်အက်ဖ်စီ အင်တာနက်စာမျက်နှာမှာ မနေ့က ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၄ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လုပ်ခဲ့တဲ့ ယူအန်အက်ဖ်စီ အရေးပေါ် တိုးချဲ့စည်းဝေးပွဲအပြီးမှာ အဖွဲ့ပြောခွင့်ရသူ ဦးထွန်းဇော်က သူတို့ ၉ ကြိမ်မြောက်ဆွေးနွေးပွဲကို တက်မှာဖြစ်တယ်လို့လည်း  မီဒီယာတွေကို ပြောခဲ့ပါသေးတယ်။

“သွားဖြစ်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဒီပီအန် အကြားမှာ ညှိနှိုင်းပြီး ဖြစ်ပါတယ်။ အချိန်တခုကို လျာထားသတ်မှတ်ပြီးပြီဆိုရင် အတတ်နိုင်ဆုံးကတော့ ကျနော်တို့ အဲ့ဒီ ဇယားအပေါ်မှာ လိုက်ပါဆောင်ရွက်ဖို့ ကြိုးစားကြပါတယ်။ ၁၆ ရက်နေ့ ချိန်းထားပြီးဖြစ်တဲ့ အတွက် န၀မအကြိမ်မြောက် ဒီပီအန်နဲ့ ငြိမ်းချမ်းရေးကော်မရှင်ကြားက အစည်းအဝေးကို သဘက်ခါ ၁၆ရက်နေ့မှာ ကြိုတင်ညှိနှိုင်းထားတဲ့အတိုင်း ကျင်းပသွားဖို့ ရှိပါတယ်။”

အစိုးရနဲ့ အပစ်မရပ်တပ်ပေါင်းစု ယူအန်အက်ဖ်စီတို့ဟာ ၁၆လကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယူအန်အက်ဖ်စီတောင်းဆိုချက် ၈ချက်အနက် ၁ချက်ပဲ သဘောတူဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013