DVB Logo
Home
မြန်မာသတင်း
မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ် အချပ်ပို ဖြန့်​ခွင့်​ ၂ ပတ်ပိတ်ခံရ
DVB
·
April 6, 2012
မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ် အချပ်ပို ဖြန့်​ခွင့်​ ၂ ပတ်ပိတ်ခံရ
Donate to DVB

ရန်ကုန်အ​ခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တစ်​စောင် ဖြစ်တဲ့​ မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ်ရဲ့​ ​နောက် ဆက်တွဲအချပ်ပိုကို နှစ်ပတ် ပိတ်ပင်ခံရတယ်လို့​ ရန်ကုန်အ​ခြေစိုက် သတင်း​သမား​တွေက ​ပြောကြပါတယ်။

စာ​ပေစိစစ် ​ရေး​ရုံမတင်တာ​တွေ များ​တဲ့​အတွက် မြန်မာပို့​စ် ဂလိုဘယ်လ် ဂျာနယ် ​နောက်ဆက်တွဲ တင်ပြခွင့်​ ၂ ပတ် ပိတ်ပင်ခံရတာလို့​ ဂျာနယ် တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

“အဓိက​တော့​ ကျ​နော်တို့​ ရုံး​မတင်တာ​တွေများ​တယ်။ တချို့​ဟာ​တွေကျ​တော့​ ရုံး​မတင်ဘဲ ထည့်​လို့​ရတာ​တွေထည့်​တယ်။ အရမ်း​များ​လာ​တော့​ သူတို့​အ​နေနဲ့​ ဥပ​ဒေကလည်း​ ရှိတာကို၊​ ၆၂ အက်ကလည်း​ မရုတ်ရ​သေး​တော့​ အဲဒီအက်နဲ့​ လုပ်လိုက်တာ​ပေါ့​။”

နောက်ဆက်တွဲ တင်ပြခွင့်​ ပိတ်ပင်လိုက်ခြင်း​တဲ့​အတွက် ​နောက်ဆုံး​ရ သတင်း​တွေကို ​ဖော်ပြနိုင်ခြင်း​ မရှိ​တော့​တဲ့​ဘဲ လူစိတ်ဝင်း​စား​မှုနည်း​စေပြီး​ ​ဈေး​ကွက်ထဲမှာ အရှုံး​ပေါ်​အောင်လုပ်တဲ့​ ဒဏ်ခတ်နည်း​ဖြစ်တယ်လို့​ သတင်း​သမား​တွေက ​ပြောကြပါတယ်။

စာ​ပေစိစစ်​ရေး​ရဲ့​ စည်း​ကမ်း​ဖောက်ဖျက်တဲ့​အတွက် အခုလို အပြစ်​ပေး​တာလို့​လည်း​ မြန်မာပို့​စ် ဂလိုဘယ်ဂျာနယ်က တာဝန်ရှိသူကပဲ အခုလို ဆက်​ပြောပါတယ်။

“သင်္ကြန်ပြီး​တော့​မှ ၂ ပတ်ပါ၊​ သင်္ကြန်ပြီး​ရင်​တော့​ ထွက်မယ့်​အချိန်မှာ​တော့​ ၂ ပတ်​ပေါ့​။ စာ​ပေစိစစ်​ရေး​ ဘက်ကလည်း​ အတတ်နိုင်ဆုံး​ လုပ်​ပေး​ပါတယ်။ ကျ​နော်တို့​လည်း​ ဥပ​ဒေချိုး​ဖောက်တာများ​လို့​၊​ ကျ​နော်တို့​က သူတို့​စည်း​ကမ်း​တွေ မလိုက်နာတာများ​လို့​ နည်း​နည်း​လေး​ ကိုယ့်​အသိစိတ်ဓာတ်နဲ့​ ကိုယ်လုပ်ပါဆိုတဲ့​ ပုံစံ​လေး​ပေါ့​။”

အပတ်စဉ်ထုတ် ဂျာနယ်​တွေက​တော့​ စာ​ပေစိစစ်​ရေး​ကို စာ​စောင်ပုံမနှိပ်ခင် တင်ပြရပြီး​ ခွင့်​ပြုချက်ရမှာ ပုံနှိပ်ဖြန့်​ဝေရတာပါ။ သတင်း​သမား​အများ​စုက​တော့​ စာ​ပေစိစစ်​ရေး​မတင်ရတဲ့​ စာနယ်ဇင်း​ဥပ​ဒေကို ​မျှော်လင့်​နေကြတယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013