DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးမှုဖြင့် ထွက်ပြေးနေသူကို လက်လုပ်သေနတ်၊ မူးယစ်ဆေးများနှင့် ဖမ်းမိ
DVB
·
November 16, 2017
မူးယစ်ဆေးဝါးမှုဖြင့် ထွက်ပြေးနေသူကို လက်လုပ်သေနတ်၊ မူးယစ်ဆေးများနှင့် ဖမ်းမိ
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ နောင်မူးအုပ်စု၊ သင်ပေါင်းကျေးရွာမှာ  မူးယစ်ဆေးဝါးမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေသူကို မူးယစ်ဆေးဝါးနဲ့ လက်လုပ်သေနတ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီနေ့မနက် ၁ နာရီလောက်က ပင်လည်ဘူးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေနဲ့ လူငယ်အဖွဲ့တို့ဟာ မူးယစ်ဆေးဝါးအမှုတွေနဲ့ ထွက်ပြေးနေသူ ခိုအောင်းရာ နောင်မူးအုပ်စု သင်ပေါင်းကျင်းကျေးရွာသို့ သွားရောက်ဖမ်းဆီးရာ တရားခံပြေး ဇော်ဝင်းဟာ အိမ်တအိမ်ပေါ် တက်ပြေးပြီး တံခါးပိတ်ခါ လုပ်သေနတ်နဲ့ ပစ်ခတ်ခုခံနေအတွက် နေအိမ်ကို နှစ်နာရီကျော်ကြာ ဝန်းရံ နေစဉ် အိမ်ရှင်ကို သေနတ်နဲ့ လည်ပင်းကိုထောက်ပြီး ဓားစာခံအဖြစ် ခေါ်ဆောင်သွားရာ အမှောင်ရိပ်မှ အကာအကွယ်ယူ လုံးထွေးဖမ်းဆီးခဲ့ရတာပါ။

ဖမ်းဆီးရမိသူဟာ ပင်လည်ဘူးမြို့နယ်၊ အောင်ကုန်းကျေးရွာက အသက် ၄၅ နှစ်အရွယ် ဇော်ဝင်းဆိုသူဖြစ်ပြီး မူးယစ်ဆေးဝါးမှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေသူတဦးဖြစ်တယ်လို့ သိရပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013