DVB Logo
Home
မြန်မာသတင်း
မောင်တောဒေသအတွက် ပြည်တွင်းလုပ်ငန်းရှင်များ ကျပ်သိန်း ၆ထောင်ကျော် လှူဒါန်း
DVB
·
November 16, 2017
မောင်တောဒေသအတွက် ပြည်တွင်းလုပ်ငန်းရှင်များ ကျပ်သိန်း ၆ထောင်ကျော် လှူဒါန်း
Donate to DVB

 

ရခိုင်ပြည်နယ်ဒေသအတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး ပြန်လည်နေရာချထားရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်တွေဆီက အလှူငွေ ကျပ် သိန်း ၆  ထောင် ကျော် ရရှိခဲ့ပါတယ်။

မောင်တောဒေသအတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းတွေ တွေ့ဆုံပြီး စီးပွားရေးလုပ်ငန်းရှင်တွေအလှူငွေတွေ ထည့်ဝင်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က “အများစုကတော့ ပြည်နယ်အတွင်းက ကုမ္ပဏီတွေ ပါဝင်ပါတယ်။ အလှူငွေသိန်း ၆ထောင်ကျော် လက်ခံရရှိပါတယ်။ ဒီအလှူငွေကလည်း အခုလုပ်ငန်းစဉ် သုံးရပ်ကိုဖော်ဆောင်တဲ့နေရာမှာ စီမံကိန်းလုပ်ရပ်သုံးခုပေါ့နော်။ လူသားချင်း စာနာထောက်ထားမှု ကူညီပေးရေးကိစ္စ၊ နောက်ပြီးတော့ ပြန်လည်နေရာချထားရေးကိစ္စ၊ နောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်ပဋိပက္ခကင်းဝေးရေး ဒီကိစ္စသုံးခုကို လုပ်တဲ့ နေရာမှာ ပြည်နယ်အစိုးရကို လှူပေးတဲ့အလှူငွေတွေနဲ့ လုပ်မှာဖြစ်ပါတယ်။”လို့ပြောပါတယ်။

ဒီဆွေးနွေးမှုကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင် ၉ ဖွဲ့ကလည်းတက်ရောက်ဆွေးနွေးခဲ့ပြီး အလှူငွေတွေလည်း ပေးအပ်ခဲ့သလို အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့နေရာတွေကို သွားရောက် လေ့လာသွားမယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးကျောက်တောင်က “တိုင်းရင်းတွေအားလုံးက ဝိုင်းပြီးတော့ ဒီမျိုးနွယ်လေးတွေ၊ အဲဒီဒေသမှာ ရပ်တည်နေကြတဲ့ဆင်းရဲချို့တဲ့ ပြည်သူတွေ၊ ကိုယ့် တိုင်းရင်းတွေအပေါ်မှာ ကျနော်တို့ စေတနာအားလုံး ဝိုင်းဝန်ထားဖို့လိုပါတယ်။ အဲလို စေတနာထားမှသာလျှင်ဒီလူတွေရဲ့ဘဝတွေဟာ ပြန်ပြီးနလန်ထူလာမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်မှာ ရှိကြတဲ့ သန်း(၅၀) လုံးရဲ့တာဝန်တရပ်ဖြစ်တယ်လို့ မြင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး UEHRD လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်နေ တာတွေရှိတယ်လို့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က ပြောပါတယ်။

“UEHRD လုပ်ငန်းမှာတော့ ကျနော်တို့ အဖွဲ့ ၉ဖွဲ့ ဖွဲ့ထားပါတယ်လို့ သိရပါတယ်။ ဒီအဖွဲ့ ၉ ဖွဲ့ ကျနော်တို့ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေရှိပါတယ်။ ပထမအချက်မှာ ဆောက်လုပ်ရေး အခြေခံ အဆောက်အဦးတွေ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်နေ ပါတယ်။ နောက်တချက်ကတော့ အလုပ်ကိုင် ဖန်းတီးရေး အသက်မွေးဝမ်းကျောင်းများ သင်တန်းဖွင့်လှစ်ဆောင်ရွက်ရေးမှာလည်း ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ပူးပေါင်းနေပါတယ်။ ဆောက်လုပ်ရေးအပိုင်းမှာ ခုံတိုင်းကျေးရွာမှာ နေအိမ် တည်ဆောက်ရေးအတွက် အောက်တိုဘာ ၁၆ ရက်နေ့ စပြီး တည်ဆောက်နေပါတယ်။"

အဲဒီဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013