DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်သမားများအား ကိုးရီးယား ကိုဖီယာ မြန်မာစင်တာမှ လာရောက်တွေ့ဆုံ
DVB
·
November 16, 2017
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ မြို့နယ်စိုက်ပျိုးရေးသုတေသနခြံမှာ နိုဝင်ဘာ ၁၅ ရက် မနက် ၁၀ နာရီက တောင်ကိုးရီးယားနိုင်ငံ ကိုဖီယာ KOPIA ပရောဂျက်ရဲ့ ပထမဦးဆုံး ဖိတ်ကြားချက်နဲ့ လေ့လာရေးပြန် မြန်မာ့လယ်သမားတွေကို ကိုးရီးယား ကိုဖီယာ မြန်မာစင်တာအဖွဲ့ စကားပြန်အပါအဝင် ၅ ဦး လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကိုဖီယာစင်တာမှ Dr Kin Dae Su က “မြန်မာ့လယ်သမားတွေကို ၂၀၁၈ ခုနှစ်မှာ စပါး၊ ပဲပုတ်နဲ့  ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး၊ အပင်ရောဂါပိုးမွှား နည်းပညာ၊ ချက်ချင်းရိတ်ပြီး အခြောက်ခံ ကြိတ်ခွဲသိမ်းဆည်းနည်းပညာတွေကို ၂ နိုင်ငံ ထာဝရချစ်ကြည်ရေးအတွက် မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် စက်ယန္တရားတွေ စမ်းသပ်တည်ဆောက်ပြီး ကူညီသွားမယ်” လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာ ၃ ရက်နေ့မှာလည်း မိုးညှင်းမြို့နယ် မြိုင်ရွာကျေးရွာမှာ ကိုးရီးယား ပဲပုတ်မျိုးနဲ့ ကိုးရီးယား စိုက်ပျိုးမှုစနစ်နဲ့ သူတို့ကိုယ်တိုင် လာရောက် လက်တွေ့စမ်းသပ် စိုက်ပျိုးမယ်လို့ သိရပါတယ်။

လေ့လာရေးပြန် လယ်သမားတွေနဲ့ တခြားလယ်သမားတွေကလည်း သိလိုတာတွေ မေးမြန်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013