၂၀၁၇ ခုနှစ် မန္တလေးတိုင်းဒေသကြီးနဲ့ မန္တလေးခရိုင်အတွင်းမှာ ဇန်နဝါရီမှ အောက်တိုဘာအထိ ယာဉ်တိုက်မှုပေါင်း ၁၈၇၃ ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၅၀ ဦးနဲ့ ဒဏ်ရာရသူ ၃၀၅၀ ဦးရှိတယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရပါတယ်။
မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့နဲ့ မိတ္ထီလာမြို့တို့က ယာဉ်တိုက်မှုကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ အများဆုံး ဖြစ်ပါတယ်။
မော်တော်ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှုအများဖြစ်ပြီး ကိုယ်ပိုင်ယာဉ်တွေက ဒုတိယ အများဆုံးဖြစ်တယ်လို့ ယာဉ်ထိန်းတပ်ဖွဲ့ရုံး မှတ်တမ်းတွေအရ သိရပါတယ်။
မန္တလေးခရိုင်အတွင်းမှာတော့ ၂၀၁၆ ခုနှစ်ထက် ယာဉ်တိုက်မှုနှုန်း လျော့ကျခဲ့ပြီး သေဆုံးသူကတော့ ၃ ဦး ပိုခဲ့တယ်လို့ သိရပါတယ်။
အမှတ် (၁၄) ယာဉ်ထိန်း ရဲဒုတိယတပ်ဖွဲ့ခွဲမှ နယ်မြေအတွင်း လအလိုက် ကျောင်းသားကျောင်းသူတွေနဲ့ ရပ်ကွက်နေပြည်သူတွေကို ယာဉ်စည်းကမ်းနဲ့ ပတ်သက်လို့ ပညာပေးဟောပြောတာတွေ ပြုလုပ်ပေးနေပါတယ်။











