DVB Logo
Home
မြန်မာသတင်း
UWSA ၀တပ်ဖွဲ့ကို အန်စီအေလက်မှတ်ထိုးရန် အစိုးရတိုက်တွန်း
DVB
·
November 15, 2017
UWSA ၀တပ်ဖွဲ့ကို အန်စီအေလက်မှတ်ထိုးရန် အစိုးရတိုက်တွန်း
1 / 5
Donate to DVB

 

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)အနေနဲ့  အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့  အစိုးရက တိုက်တွန်းပြောဆိုခဲ့ပြီး ၀ တပ်ဖွဲ့ကတော့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့ နိုင်ငံရေးမူဘောင်တွေ အတိုင်းပဲ ဆက်လုပ်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ၀ဒေသပန်ဆန်းမှာ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဝတပ်ဖွဲ့ကိုယ်စားတို့ တွေ့ဆုံဆွေးနွေးတုန်း ပြောခဲ့ကြတာလို့ ၀တပ်ဖွဲ့ရဲ့ လားရှိုးဆက်ဆံရေး ဒုတိယတာဝန်ခံ ဦညီရမ်းက သူ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ ဆွေးနွေးပွဲမစတင်မီ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မှာကြားလိုက်တဲ့ ချစ်ကြည်ရေးအမှာစကားတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်  နှစ်ဘက် ယုံကြည်မှု ဆက်လက်တည်ဆောက်ရေးအပါအ၀င် အချက် ၇ ချက် ဆွေးနွေးခဲ့ကြတယ်လို့လည်း ဦးညီရမ်းက ရေးသားဖော်ပြခဲ့သလို ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျန်က ၀ပြည်အနေနဲ့ ပြည်ထောင်စု ကနေ ဘယ်တော့မှ ခွဲထွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ကြောင်းလည်း ဖော်ပြပါတယ်

ဝတပ်ဖွဲ့ဟာ လက်ရှိမှာ အစိုးရနဲ့ တိုက်ပွဲဖြစ်နေကြတဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တို့ အပါအ၀င် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၇ခုကို ဦးဆောင်နေပြီး အန်စီအေ ပြင်ပလမ်းကို ရွေးချယ်ထားကြပါတယ်။

ပြီးခဲ့တဲ့ အန်စီအေ ၂ နှစ်ပြည့်အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံထဲရှိသမျှ လက်နက်ကိုင်တပ်ဖွဲ့အားလုံး အန်စီအေ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးရမယ်လို့ ထုတ်ပြောထားပါတယ်။

နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦးစသူတွေပါဝင်တဲ့အဖွဲ့ဟာ  ပန်ဆန်းမြို့မှာ 'ဝ' အထူးဒေသ(၂)က တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး  ဒေသတည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးကြတယ်လို့ အစိုးရကလည်း သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013