ရွှေဘုံသာလမ်းဘေးဈေးသည်များကို ရန်ကုန်စည်ပင် စတင်ရှင်းလင်း (ဓာတ်ပုံ)
DVB
·
November 15, 2017

1 / 7
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရွှေဘုံသာလမ်းမပေါ်မှာရှိတဲ့ လမ်းဘေး ဈေးသည်တွေကို နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ကစတင်ပြီး ရှင်းလင်းဆောင်ရွက်နေပါတယ်။
လတ်တလော ရွှေဘုံသာလမ်းပေါ်မှာဈေးရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေ ရှင်းလင်းနေရာမှာ စည်ပင်ရဲတပ်ဖွဲ့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ စောင့်ကြည့်နေကြ ပါတယ်။
ယာဉ်ကြော ကျပ်တည်းမှုနဲ့ ကားပါကင်နေရာ ပြုလုပ်ဖို့အတွက် ဒီလမ်းမှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည် ၃၀၀ ကျော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလအကုန် နောက်ဆုံးထားပြီး ကမ်းနားလမ်းကို ပြောင်းရွှေ့ နေချထားပေးခဲ့ပါတယ်။










