DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ အန်စီအေစာချုပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်သုံးသပ်
DVB
·
November 14, 2017
တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့  အန်စီအေစာချုပ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်သုံးသပ်
1 / 3
Donate to DVB

 

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုး ထားတဲ့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ဘက်က ခေါင်းဆောင်တွေဟာ အန်စီအေစာချုပ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးနေပါတယ်။

စာချုပ်ရေးထိုးခဲ့တာ ၂ နှစ်ကျော် ခဲ့ပေမယ့်လည်း လက်တွေ့ စာချုပ်ပါအချက်တွေအတိုင်း ဖြစ်မလာတဲ့အချက်တွေရှိသလို အနာဂတ်နိုင်ငံရေးမူဘောင်တွေပေါ်မှာလည်း ဖြည့်စွက်ပြင်ဆင် စရာတွေရှိတာကြောင့် အပစ်ရပ် ၈ ဖွဲ့က ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့  PPST ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ၂ ရက်တာ တွေ့ဆုံဆွေးနွေးနေတာပါ။

ဆွေးနွေးပွဲတက်ရောက်သူ ဗိုလ်မှူးကြီး စိုင်းငင်းက “မေလက ကျင်းပပြီးစီးသွားတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအပေါ်မှာ အဘက်ဘက်က ပြန်လည်သုံးသပ်တာလည်း ပါတယ်။ ပြီးတော့ ကျနော်တို့ အဲန်စီအေစာချုပ် လက်မှတ်ရေးထိုးခဲ့တာ ၂ နှစ်ကျော်ပြီ။ ဒီထဲမှာ အန်စီအေစာချုပ်ထဲပါတဲ့အတိုင်း ဖြစ်မလာတာတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လို လုပ်ကြမလဲ။ နိုင်ငံရေးမူဘောင်တွေကိုရော ဘယ်လို ပြင်ဆင်ဖြည့်စွက်ကြမလဲဆိုတာတွေ ဆွေးနွေးကြတာပါခင်ဗျ။ ဒီနေ့က ပထမနေ့ဆိုတော့ အခြေအနေတွေ တင်ပြကြတာပဲရှိပါတယ်။ ဘာမှဆုံးဖြတ်ချက်တွေ မရှိသေးပါဘူး။”လို့ပြောပါတယ်။

အပစ်ရပ်လက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ဟာ ယမန်နေ့က အပစ်ခတ်မရပ်သေးတဲ့ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နဲ့ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သူတို့နဲ့ သဘောထားတိုက်ဆိုင်တူညီချက်တချို့တွေရခဲ့တာကြောင့် အဲဒီအချက်တွေကိုလည်း ဒီအစည်းအဝေးမှာ လာရောက်တင်ပြခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့က  အဲန်စီအေ လက်မှတ်ထိုးပြီးတဲ့အဖွဲ့နဲ့ မထိုးသေးတဲ့အဖွဲ့ကြားမှာ သဘောထား တူညီချက်တချို့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နိုင်ငံရေးကို အဓိကထားပြီး ဆွေးနွေးဖို့၊ နိုင်ငံရေးဆွေးနွေးရင်လည်း တူညီတဲ့ခေါင်းစဉ်အောက်မှာ ဆွေးနွေးဖို့၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ TOR လုပ်ငန်းလမ်းညွှန်ချက်ပြုပြင်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါ တယ်။

PPWT နဲ့ DPN တို့ဟာ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာ တူညီတဲ့သဘောထားတွေ ပိုမို ရရှိအောင် အရင်ကလည်း အမြဲတွေ့ဆုံဆွေးနွေးပြီး နောက်နောင်လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒီကနေ့ အန်စီအေ အပစ်ခတ်ရပ်လက်မှတ်ထိုးတဲ့  တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ RCSS၊ KNU၊ PNLO၊ DKBA၊ CNF၊ ALP၊ KNLA-PC နဲ့ ABSDF က ခေါင်းဆောင်တွေအပါအ၀င် ၂၀ ကျော် ပါဝင် ဆွေးနွေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013