DVB Logo
Home
မြန်မာသတင်း
အဋ္ဌမတန်းကစပြီး အင်္ဂလိပ်စာစနစ် ပြောင်းလဲသင်ကြားရန်အဆို လွှတ်တော်လက်ခံ
DVB
·
November 14, 2017
အဋ္ဌမတန်းကစပြီး အင်္ဂလိပ်စာစနစ် ပြောင်းလဲသင်ကြားရန်အဆို လွှတ်တော်လက်ခံ
Donate to DVB

 

အင်္ဂလိပ်သာဘာနဲ့ ထိရောက်အောင် ရေးသားပြောဆို ဆက်သွယ်နိုင်ဖို့အတွက် အဋ္ဌမတန်း(Grade 9) ကစပြီး စွမ်းရည် ၄မျိုးပါတဲ့ စနစ်ကို ပြောင်းလဲသင်ကြားပေးဖို့ အဆို အမျိုးသားလွှတ်တော်က ဒီနေ့မှာ လက်ခံခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ အမျိုးလွှတ်တော်အစည်းဝေးမှာ ရခိုင်ပြည်နယ်က ဒေါ်ထုမေက မြန်မာနိုင်ငံမှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်း(အထက်တန်း)ထိ အင်္ဂလိပ်သာဘာကို မသင်မနေရ ဘာသာရပ်တခုအနေနဲ့ ပြဋ္ဌာန်းသင်ကြားပေးပေမယ့် ပညာရေးပြီးဆုံးချိန်မှာ ကျောင်းသူ၊ ကျောင်းသားအများစုရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြောဆို ဆက်သွယ်နိုင်စွမ်းဟာ နိမ့်ကျနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

ဒါကြောင့် အထက်တန်းပညာရေးပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ အတိုင်းအတာတစ်ခုထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်အောင် (Grade 9)အဋ္ဌမတန်းကစပြီး အင်္ဂလိပ် ဘာသာသင်ရိုးညွန်းတမ်းတွေနဲ့ သင်ကြားပုံနည်းစနစ်တွေ၊ အကဲဖြတ်စနစ်(စာမေးပွဲ)ကို ခေတ်နဲ့ လျော်ညီအောင် စွမ်းရည် ၄ မျိုး(4 skills Reading, writing, speaking. Listening) ပါဝင်တဲ့ စနစ်ကို ပြောင်းလဲသင်ကြားပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုတင်သွင်းတာ ဖြစ်တယ်လို့ ဒေါ်ထုမေက ပြောပါတယ်။

“တက္ကသိုလ်ကနေ ဘွဲ့ရ၊ မဟာဘွဲ့ရ၊ ပါရဂူဘွဲ့ရတဲ့အထိ ကျွမ်းကျင်ပိုင်နိုင်အောင် အသုံးချဖို့ စိန်ခေါ်မှုတွေရှိ နေဆဲဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကားကို ပညာရပ်ဆိုင်ရာနဲ့ လုပ်ငန်းခွင်မှာ အသုံးပြုနိုင်ဖို့ ပြင်ပဘာသာစကားသင်တန်းကျောင်းတွေမှာ အချိန်နဲ့ ငွေစိုက် ထုတ်ပြီး ထပ်မံသင်ယူကြရပါတယ်။ လုပ်ငန်းခွင် ရောက်သွားတဲ့အချိန်မှာလည်း အစိုးရဌာနတွေ၊ ကုမ္ပဏီတွေက အင်္ဂလိပ်စာသင်ကြားတွေဖွင့်ပြီး ထပ်မံသင် ကြားပေးနေရပါတယ်။ ၁၁ နှစ်တာ သင်ကြားခဲ့သမျှ ထိရောက်မှုမရှိတာဟာ ကျောင်းသားတဦးချင်းစီသာမက နိုင်ငံတော်အတွက် လည်း အချိန်၊ ငွေ နစ်နာပါတယ် ” လို့ ဒေါ်ထုမေက ဆိုပါတယ်။

ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်း တခုက သင်ရိုးညွန်းတမ်းတွေဟာ ခေတ်နဲ့မလျော်ညီ တော့တာကြောင့်ပဲ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပြဋ္ဌာန်းထားတဲ့ အင်္ဂလိပ်စာ သင်ရိုးညွန်းတမ်းတွေဟာ ရေး၊ ဖတ်(reading and writing skills) နှစ်ခုကိုပဲ အဓိကထား သင်ကြားပေးနေတာကိုပဲ တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒီအဆိုကို ကိုယ်စားလှယ်တဦးက ထောက်ခံခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက လက်ခံဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013