DVB Logo
Home
မြန်မာသတင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
DVB
·
November 14, 2017
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Donate to DVB

 

ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံရဲ့ ကြားပေါက် အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ခ်စ် တေလာဆင်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာလ ၁၄ ရက် အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

တေလာဆင်ဟာ မနက်ဖြန် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ဖို့ရှိနေပြီး ခရီးစဉ်မတိုင်ခင် ခုလို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရာမှာ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ဝန်ကြီး တေလာဆင်အနေနဲ့ မြန်မာပြည် ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့  မြန်မာ့တပ်မတော်က ဗိုလ်ချုပ်ကြီးတွေဆီ ပြင်းထန်ပြတ်သားတဲ့ သတင်းစကားပါးဖို့ နိုင်ငံတကာ အသိုင်းအမျှော်လင့်နေတယ်လို့ ရိုက်တာစ်သတင်းမှာ ရေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုတွေ ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအားလုံးကို ငြင်းဆန်ထားတဲ့ စုံစမ်းစစ်ဆေးအစီရင်ခံတစောင်ကို မြန်မာတပ်မတော်က မနေ့က ထုတ်ပြန်ထားပါတယ်။

သြဂုတ်လအတွင်းက အကြမ်းဖက်သမားတွေကို တန်ပြန်ရှင်းလင်းရေးလုပ်ဆောင်ခဲ့တဲ့ မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို နေရာပြောင်းရွှေ့ တာဝန်ချထားလိုက်ပြီး အကြောင်းရင်းတော့ မထုတ်ပြန်ထားပါဘူး။

ဓာတ်ပုံ-US StateDep

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013