DVB Logo
Home
မြန်မာသတင်း
ကြက်တိုက် လောင်းကစားဝိုင်းကို ၀င်ရောက်ဖမ်းဆီး၊ လူ ၁၀ ဦး ဖမ်းမိ
DVB
·
November 14, 2017
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာမှာ နိုဝင်ဘာ ၁၃ရက်နေ့၊ ညနေပိုင်းက သထုံခရိုင်မှုခင်းနှိမ်နင်းရေး ဌာနကရဲအုပ်အောင်သူဦးစီးတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံ   တပ်ဖွဲ့ဝင်တွေ  ပူးပေါင်းကာ ကြက်တိုက်လောင်းကစား ၀ိုင်းအားဝင်ရောက်ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်နေသူ ၁၀ဦးနဲ့ ဆိုင်ကယ် ၅၈ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲစခန်းက သိရပါတယ်။

သထုံခရိုင် မှု/ကူဌာနစိတ်မှ ရဲအုပ်အောင်သူက “သတင်းအရ ကြက်ဝိုင်းကိုဝင်ဖမ်းတော့ လူတွေက ထွက်ပြေးကြတာပေါ့။ ဆိုင်ကယ်တွေတော့ကျန်ခဲ့တယ်။ ဒါကြောင့် ဆိုင်ကယ်တွေအားလုံးကိုသိမ်းခဲ့ပါတယ်။ ဆိုင်ကယ်အားလုံး ၅၈ စီးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာပါ  လူတွေကိုတော့  လောင်းကစားဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။”လို့ ပြောပါတယ်။

ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာနေ ဦးအုန်းသွင်ဆိုသူရဲ့ နေအိမ်အနောက်ဘက် ခြံဝင်းအတွင်းမှာ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းရသဖြင့် သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးရဲ့ လောင်းကစားအိမ် ၀င်ရောက်ရှာဖွေဖမ်းဆီးခွင့် ၀ရမ်းအမှတ် ၅/၂၀၁၇ နဲ့ ၀င်ရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးရာမှာ ထွက်ပြေးတိမ်းရှောင်တဲ့အတွက် အိမ်ရှင်ဖြစ်သူ ဦးအုန်းသွင်၊ ကြက်တိုက် လောင်းကစားဒိုင် ပြုလုပ်သူ အေးချို၊ ကြက်တိုက်လောင်းကစား ပြုလုပ်ရာမှာ ပါဝင်ဆောင်ရွက်နေသူတွေဖြစ်တဲ့ ကျော်ဦး၊ တင်ထွန်းနိုင်၊ ပိုင်ပိုင်၊ စိန်ဝင်း၊ ကျော်ကျော်၊ ၀င်းဇော်၊ စိုးထက်ဦးနဲ့ကျော်စွာတို့ကို ကြက်တိုက်လောင်းကစား ပြုလုပ်ရာမှာ အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ကြက်တိုက် လောင်းကစားဝိုင်းအတွင်း သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေထဲမှာ တိုက်ကြက်ဖ ၅ ကောင်၊ လောင်းကစားပြုလုပ်ရာမှာ  ရေးမှတ်ထားတဲ့  စာရွက်စာတမ်း၊ ငွေစက္ကူရောရာ ၄၉၂၃၀၀ကျပ်၊ ဖိနပ် ၃၅ ရံ၊ ဆိုင်ကယ် ၅၈ စီးနဲ့ အိမ်ရှင်ပါ လူ၁၀ဦးဖြစ်ကြောင်း သိရပါတယ်။

ကြက်တိုက်လောင်းကစား ပြုလုပ်မှုနဲ့ အိမ်ရှင်ဦးအုန်းသွင်ပါ ၁၀ ဦးကို ပေါင်မြို့မ ရဲစခန်းက လောင်းကစား ဥပဒေပုဒ်မ ၁၃(က)၊ ၁၄(က)နဲ့ အမှုဖွင့်လှစ်ခဲ့ကာ သိမ်းဆည်းရမိခဲ့သော ဆိုင်ကယ်တွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမှာဖြစ်ကြောင်း သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013