DVB Logo
Home
မြန်မာသတင်း
ဂီတ ပရိသတ်​တွေကြား ၀ဲဂယက်ရိုက်ခတ်နေတဲ့ Mary (ရုပ်သံ)
DVB
·
November 14, 2017
ဂီတ ပရိသတ်​တွေကြား ၀ဲဂယက်ရိုက်ခတ်နေတဲ့ Mary (ရုပ်သံ)
Donate to DVB

ထူးခြားတဲ့အသံ၊ ထူးခြားတဲ့ဆိုဟန်၊ ဆန်းသစ်တဲ့ သီချင်းစာသားတွေနဲ့အတူ လူငယ်တေးချစ်ပရိသတ်တွေအကြား လူကြိုက်များနေတဲ့ တေးသံရှင် မေရီ (Mary) က သူ့ရဲ့ဘဝ၊ သူ့ဂီတ၊ သူရည်ရွယ်ထားတဲ့ သူ့အကြောင်းတွေကို ဒီဗွီဘီ လူငယ့်အသံကို ဖွင့်ဟပြောပြထားပါတယ်။

အပြည့်အစုံ-

မေရီက အခုလောလောဆယ် ဂျပန်နိုင်ငံမှာ တက္ကသိုလ်နောက်ဆုံးနှစ် တက်နေတယ်။ အခု ကျောင်းခဏနားပြီး ပြန်လာတာပါ။ မိသားစုကတော့ တဦးတည်းသောသမီးပါ။ ဟိုမှာတော့ အမေနဲ့ နေတာပေါ့။

မေရီရဲ့သီချင်း တချို့စာသားတွေကျတော့ များသောအားဖြင့် မေရီ ငယ်ငယ်လေးကတည်းက အင်္ဂလိပ်သီချင်း နားထောင်တာ များတယ်။ ဟိုမှာကျတော့ ဂျပန်သီချင်းလည်း နားထောင်ဖြစ်တာ များတယ်ပေါ့နော်။ သီချင်းစပ်တဲ့အခါမှာကျတော့ တချို့သဘောကျတဲ့ စာသားလေးတွေ မေရီက မြန်မာလို ပြန်လေ့ရှိတယ်။ တချို့စကားလုံးတွေကျတော့ မြန်မာစာသားတွေမှာ သိပ်မရှိတဲ့ စကားလုံးတွေလည်း ရှိတယ်ပေါ့နော်။

အဓိကကတော့ မေရီက ဦးနှောက်ထဲမှာ Story တခုကို စဉ်းစားပြီး စပ်ဖြစ်တာ များတယ်။ မေရီ သီချင်း ဘယ်လိုပုံစံဆိုတယ်ဆိုတာ Music Genres တခုအနေနဲ့ သတ်မှတ်လို့မရဘူး။ မေရီက အေးအေးလေးတွေ ဆိုတယ်။ တချို့တွေ သဘောမကျတဲ့ ပျင်းရိပျင်းတွဲ ပုံစံလေးတွေ ဆိုဖြစ်တယ်။ ဘယ်လို Music ပုံစံလဲဆိုတော့ Jazz တို့၊ Slow Rock လေးတွေဆိုတာ သဘောကျတယ်။

တကယ်တမ်းပြောရရင် မေရီ အစက ဒီလောက်အထိ လူတွေသိသွားမယ်လည်း မေရီကိုယ်တိုင်လည်း မထင်ထားဘူး။ ဒီလောက်အထိ လူတွေသိသွားပြီး ဝေဖန်မှုတွေ ရှိလာမယ်ဆိုတာလည်း မေရီ မမျှော်လင့်ထားခဲ့ဘူးပေါ့နော်။ နဂိုကတည်းက ဖေ့စ်ဘွတ်ခ်လည်း သိပ်မသုံးဖြစ်တဲ့လူဆိုတော့ တခါမှလည်း အဲဒီလို အပြောမခံဘူးတော့ နည်းနည်းလန့်သွားတယ်လို့ ပြောရမလား။ အဲဒါကြောင့် ကိုယ့်အချိန် ကိုယ်ယူဖို့နော် မေရီ Deactivated ခဏလုပ်တယ်။

အဲဒီကြားထဲမှာ ဘာပြန်တွေးလဲဆိုတော့ သီချင်းကို တကယ်လုပ်နိုင်လား၊ ဒီသီချင်းကို ကိုယ့် Career အတွက် ဆက်လုပ်သွားမှာလား။ ဒါမှမဟုတ်ရင် ရိုးရိုး ဂျပန်နိုင်ငံမှာ တက္ကသိုလ်အောင်ပြီးတော့ ဂျပန်ကုမ္ပဏီမှာ ဝန်ထမ်းတယောက်အနေနဲ့ ဆက်လုပ်ချင်လား။ အဲဒါကို သေချာစဉ်းစားပြီးတော့ မေရီက မြန်မာနိုင်ငံ ပြန်လာပြီးတော့ သီချင်းလုပ်မယ်၊ တခြား အပြင်လုပ်ချင်တဲ့ စီးပွားရေးလည်း လုပ်မယ်လို့ စဉ်းစားပြီးတော့ ဒီသီချင်းကို ထုတ်မယ်လို့ ဆုံးဖြတ်ပြီးတော့ ပြန်လာဖြစ်တာပါ။

မေရီကတော့ အမှန်တကယ် စိတ်ဓာတ်ကျတတ်တာပေါ့နော်။ အရမ်းထိခိုက်လွယ်တယ်။ ကိုယ့်ကိုယ်ကိုယ် အဲဒီလို ပြောရမယ်ပေါ့။ ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက မိသားစုကလည်း broken ဖြစ်တယ်။ ပြီးတော့ မေရီ ဂျပန်ရောက်သွားတယ်။ သူများနိုင်ငံမှာ တယောက်တည်း သူများနိုင်ငံသား ကလေးတွေနဲ့အတူ စာလိုက်ကြိုးစားရတယ်။ ကိုရီးယားကားထဲကလိုမျိုး နှိမ်တာတို့ ဘာတို့ ရှိခဲ့တယ်။ အနိုင်ကျင့်တာလည်း ရှိခဲ့တယ်။ ငယ်ငယ်လေးကတည်းက အမေကလည်း တယောက်တည်း ရုန်းကန်ရတဲ့အတွက်ကြောင့် မေရီ့ကို အမြဲတမ်း နားထောင်ပေးဖို့အတွက် သူ မအားခဲ့ဘူး။

ကိုယ့်ဘာသာ နည်းလမ်းရှာခဲ့တယ်ပေါ့နော်။ ကိုယ်က ဘယ်လိုဖြေသိမ့်တတ်လဲဆိုတော့ မေရီက သီချင်းတွေဆိုတယ်။ ခရီးတွေသွားတယ်။ ပြီးတော့ ရုပ်ရှင်တွေကြည့်တယ်။ မေရီ့ကိုယ်မေရီ ဖြေသိမ့်တဲ့ လွတ်လပ်မှုက Night Out တွေ သွားတာတို့၊ ပျော်ပါးသောက်စားတာထက် မေရီက သီချင်းလေးတွေ နားထောင်တာ၊ ခရီးတွေသွားတာ ပိုသဘောကျပါတယ်။

ကြော်ငြာက မေရီ တခုပဲ လုပ်ဖူးပါတယ်။ ပထမဦးဆုံးပေါ့နော်။ နောက်ပိုင်းလည်း အစီအစဉ်တော့ မရှိသေးဘူး။ အဓိကကတော့ မေရီ ဒီမှာ မရှိလို့ပေါ့နော်။ မေရီကတော့ အနုပညာ ဝါသနာပါတယ်။ Music ဝါသနာပါတယ်။ ဆိုကရေးတီး အကုန် ဝါသနာပါတယ်။ သရုပ်ဆောင်ပိုင်းကတော့ သိပ်မကျွမ်းကျင်ဘူး။ အဲဒီအတွက်ကြောင့်မို့ သရုပ်ဆောင်ဘက်တော့ အများကြီး ကူးသွားဖို့တော့ မရှိပါဘူး။ ဆိုကရေးတီးတော့ လုပ်သွားမှာပါ။

မေရီက ငယ်ငယ်လေးကတည်းက တဦးတည်းသောသမီး၊ ပြီးတော့ ဟိုမှာ အမေနဲ့ ကြီးခဲ့တယ်ဆိုတော့ ဘဝမှာ အားကိုးရတဲ့ ယောက်ျားလေးတယောက် မေရီ အရမ်းလိုချင်တယ်။ ဘာလို့လဲဆိုတော့ အမေနဲ့ နှစ်ယောက်တည်း ကြီးလာတာကိုး။ ဆိုတော့ မေရီ အားကိုးရမယ့်သူ၊ ယုံကြည်ရမယ့်သူ၊ မေရီ့ကို ဦးဆောင်နိုင်မယ့်သူပေါ့နော်။

ဒီခေတ်ထဲမှာက မိန်းမရော၊ ယောက်ျားရော၊ ကလေးတွေရော ပြိုင်တူဖြစ်နေတဲ့ ခေတ်ဖြစ်နေတဲ့အချိန်မှာ ကိုယ်အားကိုးရတဲ့လူက ကိုယ်က ပိုတော်လာလေ၊ ပိုကြိုးစားလေ ကိုယ်အားကိုးရတဲ့သူက ဆန်ခါစစ်သလို နည်းသွားလေလေ ဖြစ်လာတယ်။ အရမ်း ကိုယ်အားကိုးရတဲ့လူ၊ ယုံကြည်ရတဲ့လူ လိုချင်ပါတယ်။ ပြီးတော့ မေရီ့ကို ချစ်တဲ့လူပေါ့။

မေရီ့ကို အမြဲအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မေရီ အခု သီချင်းတွေအများကြီး လုပ်သွားဖို့ ကြိုးစားနေပါတယ်။ မေရီ့ကို အားပေးတဲ့ ပရိသတ်တွေ များလာလေလေ မေရီ့မှာ တာဝန်ကြီးလာပါတယ်။ အဲဒီအတွက်ကြောင့် အကောင်းဆုံးဖြစ်အောင် မေရီ ကြိုးစားနေပါတယ်။ နှောင့်နှေးမှုတွေ ရှိရင်လည်း သည်းခံပေးပါ။ အလုပ်တွေမှာ အမှားအယွင်းရှိရင်လည်း ဝေဖန်ပေးပါလို့။ မေရီက ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013