DVB Logo
Home
မြန်မာသတင်း
ကုလအတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ၊ ရခိုင်ပြည်နယ်အရေးဆွေးနွေး
DVB
·
November 14, 2017
ကုလအတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ၊ ရခိုင်ပြည်နယ်အရေးဆွေးနွေး
Donate to DVB

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်ဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုဝင်ဘာ ၁၃ ရက်က တွေ့ဆုံပြီး ရခိုင်ပြည်နယ် အခြေအနေနဲ့ပတ်သက်လို့  တွေ့ဆုံဆွေးနွေးခဲ့တာလို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးခွင့်ပြုဖို့၊ ဘေးကင်းလုံခြုံစွာဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်အောင်ဆောင်ရွက်ပေးဖို့နဲ့ အသိုင်းအ၀န်းနှစ်ခုအကြား စစ်မှန်တဲ့သင့်မြတ်ရေးရအောင် အားထုတ်ကြိုးပမ်းဖို့  ဒေါ်အောင်ဆန်းစုကြည်ကို မစ္စတာဂူတာရက်စ်က  ပြောကြားခဲ့တယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒါ့အပြင် ကိုဖီအာနန်ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာအကောင်အထည်ဖော်လုပ်ဆောင်ဖို့ အရေးကြီးတဲ့အကြောင်း လည်း အလေးထားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံ-ယူအန် ထိပ်သီး အစည်းဝေးမှာလည်း ရာသီဥတုပြောင်းလဲမှု အပါအ၀င် ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို စုပေါင်းဖြေရှင်းကြဖို့ အာဆီယံ ခေါင်းဆောင်တွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း တောင်းဆိုသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိသွားတဲ့ သိန်းနဲ့ချီတဲ့ နေစရာမဲ့ ဒုက္ခသည်တွေအရေး စိုးရိမ်တဲ့အကြောင်းနဲ့ ဒေသတွင်းမတည်ငြိမ်မှုနဲ့ အစွန်းရောက်မှုကို ဖြစ်စေမယ့် အလားအလာရှိနေတယ်လို့ ပြောပါတယ်။

အလားတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရစ်တေလာဆန်ကလည်း မြန်မာနိုင်ငံကို မသွားရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ကို မနီလာမြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013