DVB Logo
Home
မေးမြန်းခန်း
မြန်မာအ​ပေါ် ပိတ်ဆို့​ထား​မှု ရုပ်သိမ်း​ရန် အာဆီယံ​ကြေညာ
DVB
·
April 5, 2012
မြန်မာအ​ပေါ် ပိတ်ဆို့​ထား​မှု ရုပ်သိမ်း​ရန် အာဆီယံ​ကြေညာ
Donate to DVB

မြန်မာကို ပိတ်ဆို့​ အ​ရေး​ယူထား​တာ​တွေ ချက်ချင်း​ရုပ်သိမ်း​ပေး​ဖို့​ အာဆီယံက ဒီ​နေ့​မှာပဲ ​ကြေညာချက်ထုတ်ပြီး​ ​တောင်း​ဆိုလိုက်ပါတယ်။

က​မ္ဘောဒီး​ယား​နိုင်ငံမှာ ကျင်း​ပ​နေတဲ့​ အကြိမ် ၂၀ ​မြောက် အာဆီယံထိပ်သီး​ စည်း​ဝေး​က​နေ အခုလို ​တောင်း​ဆိုလိုက်တာပါ။

ဒီတကြိမ်ကျင်း​ပတဲ့​ အာဆီယံထိပ်သီး​စည်း​ဝေး​ပွဲမှာ မြန်မာ့​ရွေး​ကောက်ပွဲ ​အောင်မြင်တဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​ကြပြီး​၊​ အာဆီယံနိုင်ငံတချို့​နဲ့​ တရုတ်နိုင်ငံတို့​ အကြား​ အငြင်း​ပွား​နေတဲ့​ ​တောင်တရုတ်ပင်လယ်အ​ရေး​ စတာ​တွေ အဓိကထား​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။ အာဆီယံ ထိပ်သီး​စည်း​ဝေး​ပွဲ တက်​ရောက်ပြီး​ သတင်း​ရယူ​နေတဲ့​ ပြည်တွင်း​ဂျာနယ်သတင်း​ထောက်တဦး​ကို ကို​ရွှေ​အောင်က ဆက်သွယ်​မေး​ကြည့်​ထား​ပါတယ်။

အာဆီယံ ထိပ်သီး​စည်း​ဝေး​ပွဲမှာ ထူး​ထူး​ခြား​ခြား​ မြန်မာနဲ့​ ပတ်သက်လို့​ ဘာ​တွေ ​ဆွေး​နွေး​ခဲ့​တယ်ဆိုတာ သိပါရ​စေခင်ဗျ။

“လက်ရှိ က​မ္ဘောဒီး​ယား​ ဝန်ကြီး​ချုပ်​ပြောသွား​တာက ​ရွေး​ကောက်ပွဲက လွတ်လပ်မျှတတယ်။ အဲဒီအတွက် အရမ်း​ကိုကြိုဆိုပါတယ်။ ဒီ​နေ့​ပဲ ​ကြေညာချက် ထုတ်လိုက်တယ်။ အာဆီယံအ​နေနဲ့​ ဗမာပြည်​ပေါ် ချထား​တဲ့​ ပိတ်ဆို့​မှု​တွေကို ချက်ချင်း​ရုတ်သိမ်း​ပေး​ဖို့​ဆိုပြီး​ ဒီ​နေ့​ပဲ ​ကြေညာချက်ထုတ်လိုက်တယ်။ ဒီ​နေ့​ ကျ​နော်တို့​ အာဆီယံအတွင်း​ရေး​မှူး​ချုပ်နဲ့​ (ဆူရင်)နဲ့​တွေ့​တော့​ လက်ရှိ အစည်း​အ​ဝေး​ရဲ့​ အ​ရေး​ကြီး​ဆုံး​ ရလာဒ်က မြန်မာပြည်ကိစ္စလို့​ သူက​တော့​ ​ပြောသွား​တယ်။”

အ​ရေး​အကြီး​ဆုံး​ကိစ္စက မြန်မာပြည်ကိစ္စဆိုတာက မြန်မာပြည်ရဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို အာဆီယံအ​နေနဲ့​ ​ထောက်ခံလိုက်တယ်။ ပြီး​တော့​ ကျ​နော်တို့​ မြန်မာကို ပိတ်ဆို့​ထား​တာ​တွေ ပယ်ဖျက်​ပေး​ဖို့​၊​ အာဆီယံအ​နေနဲ့​ တရား​ဝင်စာထုတ်ပြီး​ ​ကြေညာချက်ထုတ်တယ်။ အဲဒါကို ဆိုလိုတာလား​။

“သူတို့​အတွက် အ​ရေး​ကြီး​ဆုံး​ရလာဒ်က ဟုတ်တာ​ပေါ့​။ မြန်မာပြည်နဲ့​ ပတ်သက်ပြီး​ အဓိက​ပြောချင်တာက အဲဒီ ၂ ခုရှိတာ​ပေါ့​။”

ပြီး​သွား​တဲ့​ အာဆီယံထိပ်သီး​မှာ မြန်မာ့​အ​ရေး​အပြင် အခြား​ဘယ်လို အ​ကြောင်း​အရာ​တွေက လွှမ်း​မိုး​ခဲ့​တယ်လို့​ ​ပြောလို့​ရမလဲ။ ​ဆွေး​နွေး​တဲ့​အထဲမှာ။

“အဓိက အ​ရေး​အကြီး​ဆုံး​က ​တောင်တရုတ်ပင်လယ်ကိစ္စပဲ။ အဲဒါက အဓိက အ​ရေး​အကြီး​ဆုံး​ပဲ၊​ ​တော်​တော်များ​များ​ သတင်း​ထောက်​တွေက အဓိကထား​ ​မေး​နေတာ ​တွေ့​ရတယ်။ ဗမာကိစ္စအပြင်​ပေါ့​။”

အဲဒါ ဘယ်လိုအ​ဖြေရလဲခင်ဗျ။

“အဓိက အ​ဖြေ​တော့​ ထုံး​စံအတိုင်း​ပဲ သိပ်ကွဲကွဲပြား​ပြား​ ထွက်မလာဘူး​။ အ​ခြေခံ စည်း​မျဉ်း​ဆွဲမယ်၊​ အဲဒီအခါမှာ ဖိလစ်ပိုင်က တမျိုး​ဖြစ်​နေတယ်။ တခြား​နိုင်ငံ​တွေဆွဲတာ တမျိုး​ဖြစ်​နေတယ်။ အဲဒီလို​တော့​ အငြင်း​ပွား​ဖွယ်ရာရှိတယ်။”

မြန်မာအဖွဲ့​က သတင်း​ထောက်​တွေနဲ့​ သီး​ခြား​တွေ့​ဆုံပြီး​ သတင်း​စာ ရှင်း​လင်း​တာ​တွေ ဘာ​တွေလုပ်တာ​တွေ့​ရလား​။

“သပ်သပ်စီရှင်း​လင်း​ပွဲ လုပ်သွား​တာ​တော့​ မရှိဘူး​။”

ကျ​နော်မ​မေး​ဘဲ တခြား​ထူး​ထူး​ခြား​ခြား​ ​ပြောစရာရှိရင် ​ပြော​ပေး​ပါဦး​။

“အာဆီယံလူထုဖိုရမ်၊​ အာဆီယံ အရပ်ဘက်အဖွဲ့​အစည်း​ ဖိုရမ်ဆိုတာမျိုး​ ၂ ခု ကွဲသွား​တယ်။ ဘာလို့​လဲဆို​တော့​ အစိုး​ရက သူတို့​ကို သပ်သပ်​အော်ဂနိုက်လုပ်တယ်၊​ ပြီး​ရင် အာဆီယံ ​ဒေသတွင်း​ကလူ​တွေ တကယ့်​ကို အရပ်ဖက်အဖွဲ့​အစည်း​တွေ တိုက်ရိုက် အမြဲတမ်း​ အစဉ်တစိုက်လုပ်လာတဲ့​ လူ​တွေ၊​ ​အော်ဂနိုက် လုပ်တာကိုကျ​တော့​ သူတို့​က အသိအမှတ် မပြုဘူး​ဆိုတဲ့​ သ​ဘောမျိုး​ လုပ်သွား​တာ​တွေ့​ရတယ်။ ဆိုလိုရင်း​က အဲဒါ ၂ ခုကွဲသွား​တယ်။ အစိုး​ရက ပံ့​ပိုး​ပြီး​ ​နောက်ခံထား​တဲ့​တခုရယ်၊​ တကယ့်​ကို လူထုအ​ခြေပြု လူမှုအဖွဲ့​အစည်း​တွေ အရပ်ဘက် အဖွဲ့​အစည်း​တွေ လုပ်တဲ့​ပုံစံမျိုး​ တခုရယ်၊​ ၂ ခုကွဲသွား​တာ ​တွေ့​ရတယ်။ လက်ရှိအဆိုး​ဆုံး​ ပြဿနာက လယ်ယာ​မြေသိမ်း​တဲ့​ကိစ္စ က​မ္ဘောဒီယား​မှာ လက်ရှိဖြစ်​နေတာ​ပေါ့​။ ဒါ​ပေမယ့်​ အဲဒီအစိုး​ရက ဘာ​တွေ့​ရလဲဆို​တော့​ ပထမတရက် လူထုအ​ခြေပြု အဖွဲ့​အစည်း​တွေက လုပ်တယ်။ ​နောက်တရက်ကျ​တော့​ လယ်ယာ​မြေသိမ်း​တဲ့​ ကိစ္စနဲ့​ပတ်သက်ပြီး​တော့​ ဝပ်​ရှော့​ (အလုပ်ရုံ ​ဆွေး​နွေး​ပွဲ) ၃ ခု​လောက်ကို ဖျက်ပြစ်လိုက်တာကို ​တွေ့​ရတယ်။ ဖျက်တယ်ဆိုတာ တိုက်ရိုက် ဖျက်တာမဟုတ်ဘူး​။ ဟိုတယ်က ဒီဟာနဲ့​ပတ်သက်ပြီး​ ​ဆွေး​နွေး​ဖို့​ လက်မခံဘူး​ပေါ့​။ ​ရွှေ့​ခိုင်း​တာ​တွေ့​ရတယ်။ ပြီး​တော့​ ​နောက်တခု ဗမာအ​ကြောင်း​ဆွေး​နွေး​ပွဲ လုပ်ဖို့​ဆိုတာ ​ရွှေ့​ခိုင်း​တာ ​တွေ့​ရတယ်။ အဓိက​တော့​ ၂၀၁၄ ကျရင် ဗမာပြည် အာဆီယံ လုပ်တဲ့​အလှည့်​ကျရင် တကယ့်​ကို လူထုအ​ခြေပြုတဲ့​ အာဆီယံ ကွန်မြူနတီ ဖြစ်​အောင်ဘယ်လို သွား​ကြမလဲဆိုတဲ့​ ​ခေါင်း​စဉ်နဲ့​ သူတို့​လုပ်တာ စီစဉ်တာ ​တွေ့​ရတယ်။ ဒါ​ပေမယ့်​ သူတို့​မလုပ်လိုက်ရဘူး​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013