DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ARSA လိုဏ်ဂူတခု ထပ်မံတွေ့ရှိ
DVB
·
November 14, 2017
မောင်တောတွင် ARSA လိုဏ်ဂူတခု ထပ်မံတွေ့ရှိ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျောက်ပန္တုကျေးရွာအနီး ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ပြုလုပ်ထားတဲ့ လိုဏ်ဂူတခု မနေ့က ထပ်မံ တွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်၊ ကျောက်ပန္တုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေက ကျောက်ပန္တုကျေးရွာရဲ့တောင်ဘက် မီတာ ၃၀၀ လောက်အကွာမှာ ARSA အဖွဲ့က ပြုလုပ်ထားတဲ့ အလျား ၃ ပေခွဲ၊ အနံ ၂ ပေရှိ သစ်သားပေါင်တွေနဲ့ ပြုလုပ်ထားတဲ့ မြေအောက်ကျင်း တံခါးကိုတွေ့ရှိတဲ့အတွက် ၀င်ရောက်ရှင်းလင်းရာ အလျား ၁၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၅ ပေခွဲရှိ မြေကျင်း အမိုးပေါ်မှာ ၆ လက်မပတ်လည် သစ်သားမျောတုံးတွေနဲ့ ကာရံထားတဲ့ မြေအောက်လူလုပ်လိုဏ်ဂူတခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့တာပါ။

နိုဝင်ဘာ ၅ ရက်ကလည်း မောင်တောမြို့နယ် ကျောက်ပန္တုနဲ့ သင်္ဘောကွေ့ကျေးရွာတွေ အနီး ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေ ပြုလုပ်ထားတဲ့ လိုဏ်ဂူ ၃ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013